အခန်း ၂
ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ဘယ်လိုထိန်းသိမ်းနိုင်သလဲ
“ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။”—၁ ပေတရု ၃:၁၆။
၁၊ ၂။ သံလိုက်အိမ်မြှောင်ဟာ ဘာကြောင့် အရေးပါတဲ့ကိရိယာ ဖြစ်သလဲ။ အဲဒါကို အမှားအမှန်သိစိတ်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။
သင်္ဘောမောင်းနှင်သူတစ်ဦးဟာ ပင်လယ်လှိုင်းလုံးတွေကြားမှာ သင်္ဘော မောင်းနှင်နေတယ်။ ခြေလျင်ခရီးသည်တစ်ဦးဟာ တောနက်ထဲမှာ ခရီးကြမ်းနှင်နေတယ်။ လေယာဉ်မှူးတစ်ဦးဟာ မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပျံ့လွင့်နေတဲ့ တိမ်လွှာပေါ် လေယာဉ်ကိုထိန်းပြီး ပျံတက်လိုက်တယ်။ သူတို့တစ်ဦးစီမှာ ဘယ်အရာပါတယ်ဆိုတာ သင်သိပါသလား။ သူတို့ဆီမှာ သံလိုက်အိမ်မြှောင် မပါဘူးဆိုရင်၊ အထူးသဖြင့် ခေတ်သစ်နည်းပညာနဲ့ဆိုင်တဲ့ တခြားပစ္စည်းတွေ မရနိုင်ဘူးဆိုရင် ဒုက္ခကိုယ်စီ တွေ့နိုင်တယ်။
၂ သံလိုက်အိမ်မြှောင်ဆိုတာ ရိုးရှင်းတဲ့ကိရိယာတစ်ခုပဲ။ မြောက်အရပ်ကို ညွှန်ပြတဲ့ သံလိုက်လက်တံပါတဲ့ ဒိုင်ခွက်ဖြစ်တယ်။ ပုံမှန် အလုပ်လုပ်တဲ့အခါ၊ အထူးယာကုပ် ၁:၁၇) အမှားအမှန်သိစိတ်သာ မရှိရင် ကျွန်တော်တို့ လမ်းပျောက်နေလိမ့်မယ်။ အဲဒါကို မှန်မှန်ကန်ကန် အသုံးပြုတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝမှာ လမ်းမှန်ကို တွေ့ပြီး လမ်းမလွဲသွားဖို့ ကူညီပေးနိုင်တယ်။ ဒါကြောင့် အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ဆောင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ အဲဒီနောက် (၁) အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ၊ (၂) သူတစ်ပါးရဲ့ အမှားအမှန်သိစိတ်ကို ဘာကြောင့် ထည့်စဉ်းစားသင့်သလဲ၊ (၃) ကြည်လင်တဲ့ အမှားအမှန်သိစိတ်က ဘယ်လို အကျိုးပြုသလဲ စတဲ့အကြောင်းတွေကို ဆွေးနွေးကြမယ်။
သဖြင့် တိကျသေချာတဲ့မြေပုံနဲ့ တွဲသုံးတဲ့အခါ အသက်ကယ်နိုင်တယ်။ သံလိုက်အိမ်မြှောင်ကို ယေဟောဝါပေးထားတဲ့ အဖိုးတန်ဆုလက်ဆောင်ဖြစ်တဲ့ အမှားအမှန်သိစိတ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ (အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်သလဲ
၃။ “အမှားအမှန်သိစိတ်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးဟာ စာသားအရ ဘာကို ဆိုလိုသလဲ။ လူတွေမှာရှိတဲ့ ဘယ်ထူးခြားတဲ့စွမ်းရည်ကို ဆိုလိုသလဲ။
၃ ကျမ်းစာမှာ “အမှားအမှန်သိစိတ်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ စာသားအရ “ကိုယ့်ကိုယ်ကိုယ် သိခြင်း” ကို ဆိုလိုတယ်။ ကျွန်တော်တို့ဟာ တခြားသတ္တဝါတွေနဲ့မတူဘဲ ကိုယ့်ကိုယ်ကိုယ် သိနိုင်တဲ့ ဘုရားပေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြတယ်။ ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်၊ ကိုယ်ကျင့်တရား ကောင်းမကောင်း သုံးသပ်ကြည့်နိုင်တယ်။ ကျွန်တော်တို့ထဲမှာရှိတဲ့ အမှားအမှန်သိစိတ်ဟာ လမ်းညွှန်ပေးသူ ဒါမှမဟုတ် အကဲဖြတ်သူအဖြစ် ကျွန်တော်တို့ရဲ့ လုပ်ရပ်၊ သဘောထားနဲ့ ရွေးချယ်မှုတွေကို ဆန်းစစ်နိုင်တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ လမ်းညွှန်ပေးနိုင်ပြီး မှားတဲ့ဆုံးဖြတ်ချက် မချမိစေဖို့ သတိပေးနိုင်တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချတဲ့အတွက် စိတ်ချမ်းသာစေနိုင်ပြီး မှားတဲ့ဆုံးဖြတ်ချက် ချမိတဲ့အတွက် စိတ်ဒုက္ခပေးနိုင်တယ်။
၄၊ ၅။ (က) အာဒံနဲ့ ဧဝမှာ အမှားအမှန်သိစိတ်ရှိမှန်း ဘယ်လိုသိရသလဲ။ ဘုရားပညတ်ကို သူတို့ လျစ်လျူရှုတဲ့အတွက် ဘာဖြစ်ခဲ့သလဲ။ (ခ) ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိအမျိုးသားတွေမှာ အမှားအမှန်သိစိတ် ရှိခဲ့မှန်း ဘယ်ဥပမာတွေက ဖော်ပြသလဲ။
၄ အဲဒီစွမ်းရည်ဟာ အစကတည်းက ယောက်ျား၊ မိန်းမတွေမှာ ရှိပြီးသားပဲ။ အာဒံနဲ့ ဧဝဟာ မိမိတို့မှာ အမှားအမှန်သိစိတ် ရှိတယ်ဆိုတာ ဖော်ပြခဲ့ကြတယ်။ သူတို့ အပြစ်လုပ်ပြီးနောက် ရှက်ကြောက်နေတဲ့အဖြစ်က အဲဒါကို ထင်ရှားစေကမ္ဘာဦး ၃:၇၊ ၈) ဝမ်းနည်းစရာက အဲဒီအချိန်မှာ အနှောင့်အယှက်ဖြစ်နေတဲ့ အမှားအမှန်သိစိတ်ဟာ သူတို့ကို ကောင်းကျိုးမပြုနိုင်တော့ဘူး။ ဘုရားပညတ်ကို သူတို့ တမင်တကာ လျစ်လျူရှုခဲ့ကြတယ်။ ယေဟောဝါဘုရားကို ဆန့်ကျင်သူ၊ ပုန်ကန်သူတွေဖြစ်ဖို့ တမင် ရွေးချယ်ခဲ့ကြတယ်။ စုံလင်သူတွေဖြစ်တဲ့ သူတို့ဟာ မိမိတို့ရဲ့လုပ်ရပ် မှားမှန်းသိပေမဲ့ ပြန်လှည့်လာလို့ မရတော့ဘူး။
တယ်။ (၅ မစုံလင်သူ လူသားများစွာဟာ အာဒံ၊ ဧဝနဲ့မတူဘဲ ကိုယ့်ရဲ့ အမှားအမှန်သိစိတ် သတိပေးတာကို တုံ့ပြန်ခဲ့ကြတယ်။ ဥပမာ၊ သစ္စာရှိသူယောဘက “ဖြောင့်မတ်ခြင်းတရားကို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားမယ်။ ကျုပ်အသက်ရှင်နေသရွေ့ ကိုယ့်စိတ်က ကိုယ့်ကို အပြစ်မတင်ဘူး” လို့ပြောနိုင်ခဲ့တယ်။ * (ယောဘ ၂၇:၆) ယောဘဟာ အမှားအမှန်သိစိတ် နှိုးဆော်တဲ့အတိုင်း လိုက်တတ်သူဖြစ်ပြီး အဲဒီစိတ်ရဲ့ လမ်းညွှန်မှုအတိုင်း ပြုမူဆုံးဖြတ်တယ်။ ဒါကြောင့် သူ့ရဲ့ အမှားအမှန်သိစိတ်ဟာ သူ့ကို အပြစ်တင်တာ၊ ဒုက္ခပေးတာ မရှိဘူး၊ ရှက်ကြောက်ပြီး အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဝင်အောင် မလုပ်ဘူးလို့ ရဲရဲကြီး ပြောနိုင်ခဲ့တယ်။ ဒါဝိဒ်ရဲ့ တုံ့ပြန်ပုံကတော့ ယောဘနဲ့ မတူဘူး။ ယေဟောဝါရဲ့ ဘိသိက်ခံဘုရင်ရှောလုကို ဒါဝိဒ် မခန့်လေးစားလုပ်မိတဲ့အခါ “နောက်ပိုင်းမှာ ဒါဝိဒ်ရဲ့စိတ်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတော့တယ်။” (၁ ရှမွေလ ၂၄:၅) အမှားအမှန်သိစိတ် ထိုးနှက်တာကို ခံရတာဟာ ဒါဝိဒ်ကို တကယ် အကျိုးပြုခဲ့တယ်။ အဲဒီလို မခန့်လေးစား မလုပ်တော့အောင် သင်ပေးခဲ့တယ်။
၆။ အမှားအမှန်သိစိတ်ဆိုတာ လူအားလုံးရရှိထားတဲ့ ဆုလက်ဆောင်ဖြစ်မှန်း ဘယ်အချက်က ဖော်ပြသလဲ။
၆ ယေဟောဝါကို ဝတ်ပြုသူတွေပဲ အမှားအမှန်သိစိတ်ဆိုတဲ့ ဆုလက်ဆောင်ကို ပိုင်ဆိုင်ကြသလား။ တမန်တော်ပေါလု ရေးခဲ့တဲ့ ကျမ်းစကားကို သုံးသပ်ကြည့်ပါ– “လူမျိုးခြားတွေဟာ ပညတ်မရရှိထားပေမဲ့ ပညတ်တွေကို ကိုယ့်အသိစိတ်နဲ့ ကျင့်ကြံကြတယ်။ ပညတ်မရရှိထားပေမဲ့ သူတို့စိတ်ထဲမှာ ပညတ်တွေ ရှိနေတယ်။ သူတို့စိတ်ထဲမှာ ပညတ်တွေရှိမှန်း လုပ်ရပ်နဲ့ ဖော်ပြကြတယ်။ သူတို့ရဲ့ အမှားအမှန်သိစိတ်က ရောမ ၂:၁၄၊ ၁၅) ယေဟောဝါရဲ့ ပညတ်တွေကို လုံးလုံးမသိသူတွေတောင် တစ်ခါတလေ ဘုရားရဲ့မူတွေနဲ့အညီ ပြုမူကျင့်ကြံဖို့ သူတို့ရဲ့ အမှားအမှန်သိစိတ်က လှုံ့ဆော်ပေးတတ်တယ်။
သူတို့ရဲ့လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာကို အသိပေးတယ်။ ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါရှိသလို ခွင့်လွှတ်တဲ့အခါလည်း ရှိတယ်။” (၇။ တစ်ခါတလေ အမှားအမှန်သိစိတ်ဟာ ဘာကြောင့် တလွဲ လမ်းညွှန်နိုင်သလဲ။
၇ တစ်ခါတလေ အမှားအမှန်သိစိတ်ဟာ တလွဲလမ်းညွှန်တတ်တယ်။ ဘာကြောင့်လဲ။ သံလိုက်အိမ်မြှောင်ကို သံလိုက်အနီးမှာ ထားမယ်ဆိုရင် အိမ်မြှောင်လက်တံဟာ မြောက်အရပ်ကို မဟုတ်ဘဲ တခြားအရပ်ကို တလွဲညွှန်တတ်တယ်။ တိကျသေချာတဲ့ မြေပုံနဲ့ တွဲမသုံးဘူးဆိုရင်လည်း အချည်းနှီးပဲ။ အလားတူ၊ ကိုယ့်ရဲ့အတ္တဆန္ဒတွေ လွန်ကဲလာရင် အမှားအမှန်သိစိတ်ဟာ တလွဲလမ်းညွှန်နိုင်တယ်။ ဒါ့အပြင် ကျမ်းစာရဲ့ တိကျသေချာတဲ့ လမ်းညွှန်မှု မပါရင် အရေးကြီးတဲ့ကိစ္စတွေမှာ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှု လိုအပ်တယ်။ ပေါလုက ‘ကျွန်တော့်ရဲ့ အမှားအမှန်သိစိတ်ကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်နေတယ်’ လို့ ရေးခဲ့တယ်။ (ရောမ ၉:၁) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ဟာ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုနဲ့အညီဖြစ်မှန်း ဘယ်လို သေချာစေနိုင်သလဲ။ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရမယ်။
အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးနိုင်ပုံ
၈။ (က) စိတ်နှလုံးဟာ အမှားအမှန်သိစိတ်ကို ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ။ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘာကို ဦးစားပေးသင့်သလဲ။ (ခ) ခရစ်ယာန်တစ်ဦးအတွက် ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိရုံနဲ့ ဘာကြောင့် မလုံလောက်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၈ အမှားအမှန်သိစိတ်ပေါ် မူတည်ပြီး သင် ဘယ်လို ဆုံးဖြတ်ချက်ချသလဲ။ လူတချို့ဟာ ကိုယ့်ရဲ့ ခံစားချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချတတ်ကြတယ်။ အဲဒီနောက် “ငါ့ရဲ့ အမှားအမှန်သိစိတ်က အနှောင့်အယှက်မပေးပါဘူး” လို့ ပြောတယ်။ စိတ်ရဲ့လိုအင်ဆန္ဒတွေဟာ အလွန်ပြင်းပြပြီး အမှားအမှန်သိစိတ်ကို သြဇာလွှမ်းသွားနိုင်တယ်။ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်။ စိတ်ရဲ့သဘောကို ဘယ်သူ သိနိုင်သလဲ” လို့ ကျမ်းစာပြောတယ်။ (ယေရမိ ၁၇:၉) ဒါကြောင့် ကျွန်တော် တို့ရဲ့ စိတ်ဆန္ဒတွေကို ဦးစားမပေးသင့်ဘူး။ ယေဟောဝါဘုရား နှစ်သက်မယ့်အရာကိုပဲ ဦးစားပေး သုံးသပ်သင့်တယ်။ *
၉။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတာ ဘာလဲ။ အဲဒီလိုကြောက်ရွံ့ခြင်းက ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို အကျိုးသက်ရောက်မလဲ။
၉ ကိုယ့်အလိုဆန္ဒတွေအပေါ် မဟုတ်ဘဲ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ပေါ် မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘုရားသခင်ကို ကြောက်ရွံ့မှန်း ပေါ်လွင်နေပါလိမ့်မယ်။ ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ သစ္စာရှိတဲ့ မြို့ဝန်နေဟမိဟာ ဂျေရုဆလင်မြို့သားတွေဆီက ရသင့်ရထိုက်တဲ့ အခွန်ငွေတချို့ကို ကောက်ခွင့် ရှိတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါရဲ့လူမျိုးကို ဖိနှိပ်ပြီး ကိုယ်တော်ရဲ့ မနှစ်သက်မှု ခံရမှာကို သူ လုံးဝမလိုလားလို့ပဲ။ “ကျွန်တော်ကတော့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက် အဲဒီလို မလုပ်ဘူး” လို့ သူပြောခဲ့တယ်။ (နေဟမိ ၅:၁၅) ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ကြောက်ရွံ့ဖို့၊ ကောင်းကင်ဖခင် စိတ်ငြိုငြင်မှာကို စိုးရိမ်ဖို့ မရှိမဖြစ် လိုအပ်တယ်။ အဲဒီလို ကြောက်ရွံ့ရိုသေတာက ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာလမ်းညွှန်မှု ရှာဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။
၁၀၊ ၁၁။ အရက်ယမကာ သောက်သုံးတာနဲ့ပတ်သက်ပြီး ဘယ်ကျမ်းစာမူတွေ ရှိသလဲ။ အဲဒီမူတွေကို လက်တွေ့ကျင့်သုံးရာမှာ ဘုရားလမ်းညွှန်မှု ဘယ်လို ရနိုင်သလဲ။
၁၀ သာဓကအနေနဲ့ အရက်ယမကာကိစ္စကို သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့အများစုဟာ မိတ်ဆုံစားပွဲတွေမှာ အရက်သောက်မယ်၊ မသောက်ဘူးဆိုတာ ဆုံးဖြတ်ချက် ချရတယ်။ ဦးဆုံး၊ ကျွန်တော်တို့ ကြိုတင် လေ့လာထားဖို့ လိုတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်ကျမ်းစာမူတွေ ရှိသလဲ။ အရက်တော်သင့်ရုံ သောက်တာကို ကျမ်းစာ မတားမြစ်ပါဘူး။ ဝိုင်ကို လက်ဆောင်အဖြစ် ပေးထားတဲ့အတွက် ယေဟောဝါကို ချီးမွမ်းထားတယ်။ (ဆာလံ ၁၀၄:၁၄၊ ၁၅) ဒါပေမဲ့ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာကို ကျမ်းစာ တားမြစ်တယ်။ (လုကာ ၂၁:၃၄။ ရောမ ၁၃:၁၃) အဲဒီအပြင် သောက် ကြူးတာကို လိင်အကျင့်ယိုယွင်းတာလိုမျိုး ကြီးလေးတဲ့အပြစ်တွေနဲ့တန်းတူ ဖော်ပြထားတယ်။ *—၁ ကောရိန္သု ၆:၉၊ ၁၀။
၁၁ ခရစ်ယာန်တစ်ဦးရဲ့ အမှားအမှန်သိစိတ်ဟာ အဲဒီလိုမူတွေကို သိရှိထားပြီး အကဲဆတ်နေတယ်။ ဒါကြောင့် မိတ်ဆုံပွဲတစ်ခုမှာ အရက်သောက်မသောက် ဆုံးဖြတ်ရတဲ့အခါ မိမိကိုယ်ကို ဒီလိုမေးနိုင်တယ်– ‘ဘယ်လိုမိတ်ဆုံပွဲမျိုး စီစဉ်ထားသလဲ။ အထိန်းအကွပ်မဲ့တဲ့ပွဲမျိုး ဖြစ်လာနိုင်သလား။ သောက်ပြီးရင် ငါ ဘယ်လိုဖြစ်တတ်သလဲ။ အရက်ကို ငါ အရမ်းကြိုက်သလား။ မသောက်ရ မနေနိုင် ဖြစ်နေသလား။ စိတ်ပျော်ဖို့၊ စိတ်ကြွဖို့ အရက်သောက်တတ်သလား။ ဘယ်လောက်သောက်မယ်ဆိုတာ ကန့်သတ်နိုင်ရဲ့လား။’ ကျမ်းစာမူတွေအပြင် ပေါ်လာတဲ့ မေးခွန်းတွေကို ဆင်ခြင်သုံးသပ်တဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုရဖို့ ဆုတောင်းသင့်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄ ကိုဖတ်ပါ။) အဲဒီလိုလုပ်ရင် ကျွန်တော်တို့ကို သန့်ရှင်းသောစွမ်းအားတော်နဲ့ လမ်းညွှန်ပေးဖို့ ယေဟောဝါကို တောင်းဆိုရာရောက်တယ်။ ဘုရားရဲ့ မူတွေနဲ့ ကိုက်ညီစေဖို့ မိမိတို့ရဲ့ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာလည်း ရောက်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေ ချရာမှာ ထည့်စဉ်းစားသင့်တဲ့ အရာတစ်ခု ရှိသေးတယ်။
သူတစ်ပါးရဲ့အမှားအမှန်သိစိတ်ကို ဘာကြောင့် ထည့်စဉ်းစားသင့်
၁၂၊ ၁၃။ အမှားအမှန်သိစိတ် မတူညီကြတဲ့ အကြောင်းရင်းတချို့ဟာ ဘာလဲ။ အဲဒီလိုကွဲလွဲမှုတွေကို ဘယ်လို တုံ့ပြန်သင့်သလဲ။
၁၂ တစ်ခါတလေ တစ်ဦးစီရဲ့ အမှားအမှန်သိစိတ် မတူညီတဲ့အတွက် သင် အံ့အားသင့်မိနိုင်တယ်။ အကျင့်ဓလေ့၊ ထုံးစံတစ်ခုဟာ လူတစ်ဦးအတွက် မနှစ်မြို့ဖွယ်ဖြစ်ပေမဲ့ နောက်တစ်ဦးကတော့ အဲဒါကို နှစ်သက်ပြီး အပြစ်လို့ မမြင်ဘူး။ ဥပမာ၊ မိတ်ဆုံစားပွဲမှာ အရက်သောက်တဲ့ကိစ္စ ဖြစ်တယ်။ တစ်ဦးက ညနေခင်းမှာ မိတ်ဆွေတွေနဲ့အတူ အနားယူရင်း သောက်သုံးရတာကို သဘောကျတယ်။ နောက်တစ်ဦးကတော့ အဲဒါကို စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ ဘာကြောင့် အဲဒီလို သဘောထားကွဲလွဲရသလဲ။ အဲဒီလိုကွဲလွဲတာတွေက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။
၁ ဘုရင်များ ၈:၃၈၊ ၃၉) ဒါကြောင့် အရက်နဲ့ပတ်သက်လာရင် သူတို့ရဲ အမှားအမှန်သိစိတ်ဟာ အလွန် အကဲဆတ်နေမယ်။ သင့်အိမ်ကို သူအလည်လာတဲ့အခါ သင်တိုက်တဲ့ အရက်ကိုသောက်ဖို့ သူ့ရဲ့ အမှားအမှန်သိစိတ်က ခွင့်မပြုဘူး။ အဲဒီအခါ သင် စိတ်ဆိုးမလား။ သောက်ဖို့ မရမက တိုက်တွန်းမလား။ အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ ငြင်းရတဲ့အကြောင်းရင်းတွေကို သူပြောချင်မှ ပြောမယ်။ အကြောင်းရင်းကို သင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ညီရင်းအစ်ကိုမေတ္တာက ထောက်ထားစာနာဖို့ သင့်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။
၁၃ လူတစ်ဦးနဲ့တစ်ဦး အမှားအမှန်သိစိတ် မတူကြတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ကြီးပြင်းလာတဲ့နောက်ခံ လုံးဝမတူကြဘူး။ ဥပမာ၊ တချို့ဟာ အားနည်းချက်တစ်ခုကို ကြိုးစားဖျောက်ဖျက်နေရပြီး မအောင်မြင်တဲ့အခါတွေလည်း ရှိမယ်။ (၁၄၊ ၁၅။ ပထမရာစုအသင်းတော်ဟာ ဘယ်ကိစ္စမှာ အမှားအမှန်သိစိတ် မတူကြသလဲ။ ပေါလု ဘယ်လို အကြံပေးခဲ့သလဲ။
၁၄ ပထမရာစုခရစ်ယာန်တွေလည်း တစ်ဦးနဲ့တစ်ဦး အမှားအမှန်သိစိတ် မတူကြဘူးဆိုတာ တမန်တော်ပေါလု သိမြင်ခဲ့တယ်။ အဲဒီအချိန်က ခရစ်ယာန်တချို့ဟာ ရုပ်တုရှေ့ ပူဇော်ထားတဲ့ အစားအစာတချို့နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြတယ်။ (၁ ကောရိန္သု ၁၀:၂၅) ပူဇော်ပြီးနောက် ဈေးမှာရောင်းတဲ့ အစားအစာကို ပေါလုရဲ့ အမှားအမှန်သိစိတ်က လက်ခံတယ်။ ရုပ်တုတွေဟာ သူ့အတွက် အချည်းနှီးအရာတွေ ဖြစ်တယ်။ ယေဟောဝါ ဖန်ဆင်းပြီး ကိုယ်တော်ပိုင်ဆိုင်တဲ့ အစားအစာကို ရုပ်တုတွေ ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ သူနဲ့အမြင်မတူသူတွေ ရှိမှန်း ပေါလု နားလည်တယ်။ တချို့ဟာ ခရစ်ယာန်ဖြစ်မလာခင်က ရုပ်တုတွေကို ကြည်ညိုကိုးကွယ်ခဲ့ကြမယ်။ အခုတော့ ရုပ်တုကိုးကွယ်မှုနဲ့ ပတ်သက်တာမှန်သမျှ သူတို့အတွက် မနှစ်မြို့စရာပဲ။ အဲဒီကိစ္စကို ပေါလု ဘယ်လို ဖြေရှင်းခဲ့သလဲ။
၁၅ “ဒီတော့ ယုံကြည်ခြင်းခိုင်ခံ့တဲ့ ကျွန်တော်တို့က ယုံကြည်ခြင်း မခိုင်ခံ့တဲ့သူတွေကို သူတို့ရဲ့ အားနည်းချက်တွေ ခံရပ်နိုင်အောင် ကူညီပေးသင့်တယ်။ ကိုယ့်အလိုအတိုင်း မလုပ်သင့်ဘူး။ ခရစ်တော်တောင် ကိုယ့်အလိုအတိုင်း မလုပ်ခဲ့ဘူး” လို့ ပေါလု ပြောတယ်။ (ရောမ ၁၅:၁၊ ၃) ခရစ်တော်လိုပဲ မိမိတို့လိုအပ်ရာထက် ညီအစ်ကိုညီအစ်မတွေရဲ့ လိုအပ်ရာကို ဦးစားပေးသင့်တယ်လို့ ပေါလု ရှင်းပြတယ်။ အဲဒီအကြောင်း ဆွေးနွေးတဲ့အခါ ပေါလုဟာ ခရစ်တော်အသက်ပေးခဲ့တဲ့ အဖိုးထိုက် သိုးတစ်ကောင်ကို တိုက်မိလဲစေမယ့်အစား ဘယ်တော့မှ အသားစားတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။—၁ ကောရိန္သု ၈:၁၃ နဲ့ ၁၀:၂၃၊ ၂၄၊ ၃၁–၃၃ ကိုဖတ်ပါ။
၁၆။ အမှားအမှန်သိစိတ် အားနည်းသူတွေဟာ ကိုယ်နဲ့အမှားအမှန်သိစိတ် မတူသူတွေကို ဘာကြောင့် မစီရင်သင့်သလဲ။
ရောမ ၁၄:၁၀ ကိုဖတ်ပါ။) တကယ်ဆိုရင် သူတစ်ပါးကို စီရင်ဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စီရင်ဖို့ အမှားအမှန်သိစိတ်ကို အသုံးပြုတာဟာ အကောင်းဆုံးပဲ။ “ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့” ဆိုတဲ့ ယေရှုရဲ့စကားကို သတိရပါ။ (မဿဲ ၇:၁) အသင်းတော်မှာရှိတဲ့ လူအားလုံးဟာ အမှားအမှန်သိစိတ်နဲ့ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အငြင်းပွားတာကို ရှောင်သင့်တယ်။ အဲဒီအစား ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှု တိုးပွားစေဖို့၊ တစ်ဦးကိုတစ်ဦး ဖြိုဖျက်တာ မလုပ်ဘဲ တည်ဆောက်ပေးဖို့ နည်းလမ်းရှာကြတယ်။—ရောမ ၁၄:၁၉။
၁၆ ဒါပေမဲ့ အမှားအမှန်သိစိတ် အားနည်းသူတွေဟာ သူတစ်ပါးကို မဝေဖန်သင့်ဘူး၊ အမှားအမှန်သိစိတ်နဲ့ဆိုင်တဲ့ ကိစ္စတွေကို ကိုယ်ရှုမြင်သလို အားလုံး ရှုမြင်ရမယ်လို့ မရမက မတောင်းဆိုသင့်ဘူး။ (ကြည်လင်တဲ့ အမှားအမှန်သိစိတ် အကျိုးပြုပုံ
၁၇။ အခုခေတ် လူအများစုရဲ့ အမှားအမှန်သိစိတ် ဘယ်လို ဖြစ်နေသလဲ။
၁၇ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ” လို့ တမန်တော်ပေတရု ရေးခဲ့တယ်။ (၁ ပေတရု ၃:၁၆) ယေဟောဝါဘုရားရှေ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိတာဟာ တကယ့်ကောင်းချီးပါပဲ။ အခုခေတ် လူအများရဲ့ အမှားအမှန်သိစိတ်ကတော့ အဲဒီလို မဟုတ်ဘူး။ ‘အမှားအမှန်သိစိတ် သံပူခတ်ခံရ’ သူတွေအကြောင်း ပေါလု ဖော်ပြခဲ့တယ်။ (၁ တိမောသေ ၄:၂) သံပူထိထားတဲ့နေရာဟာ အမာရွတ်ထင်ကျန်ပြီး အာရုံခံလို့မရတော့ဘဲ ထုံလာတယ်။ အဲဒီလိုပဲ လူအများရဲ့ အမှားအမှန်သိစိတ်ဟာ တုံ့ပြန်မှု မရှိဘူး။ အမာရွတ်ထင်ပြီး အလွန်ထုံနေတဲ့အတွက် သတိပေးတာ၊ ကန့်ကွက်တာ မရှိတော့ဘူး။ အမှားလုပ်မိတဲ့အတွက် ရှက်တာ၊ အပြစ်ရှိတယ်လို့ ခံစားရတာ မရှိတော့ဘူး။အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မရှိလေ ကောင်းလေပဲဆိုပြီး အခုခေတ် လူအများစု ယူဆကြတယ်။
၁၈၊ ၁၉။ (က) အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် ဒါမှမဟုတ် ရှက်စိတ်ဟာ ဘယ်လို အကျိုးပြုနိုင်သလဲ။ (ခ) အတိတ်က အပြစ်တွေအတွက် နောင်တယူပြီးဖြစ်ပေမဲ့ အမှားအမှန်သိစိတ် ထုထောင်းတာ ခံနေရဆဲဆိုရင် ဘာလုပ်နိုင်သလဲ။
ဆာလံ ၅၁:၁-၁၉။ ၈၆:၅) ဒါပေမဲ့ ကျွန်တော်တို့ နောင်တရ၊ ခွင့်လွှတ်ခံရပြီးနောက်မှာတောင် အပြစ်ရှိတယ်လို့ ခံစားပြီး ရှက်နေတုန်းပဲဆိုရင်ကော။
၁၈ တကယ်တော့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ဟာ ကျွန်တော်တို့ အမှားလုပ်မိပြီလို့ အမှားအမှန်သိစိတ်က အသိပေးနေတာ ဖြစ်နိုင်တယ်။ အဲဒီလိုခံစားချက်တွေက အပြစ်လုပ်သူတစ်ဦးကို နောင်တရဖို့ လှုံ့ဆော်တဲ့အခါ အဆိုးဆုံးအပြစ်တွေတောင် ခွင့်လွှတ်ခံရနိုင်တယ်။ ဥပမာ၊ ဘုရင်ဒါဝိဒ် ကြီးလေးတဲ့အပြစ် လုပ်မိပေမဲ့ ခွင့်လွှတ်ခံရတဲ့ အဓိကအကြောင်းရင်းဟာ စစ်မှန်တဲ့နောင်တကြောင့်ပဲ။ မိမိရဲ့မှားယွင်းတဲ့လမ်းစဉ်ကို မုန်းတီးပြီး ယေဟောဝါရဲ့ ပညတ်တွေကို နာခံဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အတွက် ယေဟောဝါဟာ ‘ကောင်းမြတ်ပြီး ခွင့်လွှတ်ဖို့ အသင့်ရှိ’ တယ်ဆိုတာ ဒါဝိဒ်ကိုယ်တိုင် သိမြင်ခဲ့တယ်။ (၁၉ တစ်ခါတလေမှာ အပြစ်လုပ်မိသူဟာ အပြစ်ရှိနေတယ်ဆိုတဲ့ခံစားချက် မရှိသင့်တော့ပေမဲ့ အမှားအမှန်သိစိတ် ထုထောင်းတာ ခံနေရဆဲ ဖြစ်နိုင်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့အခါမျိုးမှာ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ခံစားချက်အားလုံးထက် ပိုကြီးမြတ်တယ်ဆိုတာ ယုံကြည်စိတ်ချဖို့ လိုတယ်။ ကိုယ်တော့်မေတ္တာနဲ့ ခွင့်လွှတ်မှုကို ယုံကြည်လက်ခံရမယ်။ တခြားသူတွေကိုလည်း အဲဒီအတိုင်း ကျွန်တော်တို့ တိုက်တွန်းကြတယ်။ (၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။) ကြည်လင်တဲ့ အမှားအမှန်သိစိတ်ဟာ ဒီလောကမှာ တော်ရုံမရနိုင်တဲ့ စိတ်ငြိမ်သက်မှု၊ စိတ်အေးချမ်းမှုနဲ့ ရွှင်လန်းမှုကို ခံစားရစေတယ်။ အတိတ်က ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့သူများစွာဟာ အကြီးအကျယ် စိတ်သက်သာမှု ခံစားရပြီး အခုချိန်မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ်နဲ့ ယေဟောဝါဘုရားကို ဝတ်ပြုနိုင်ကြတယ်။—၁ ကောရိန္သု ၆:၁၁။
၂၀၊ ၂၁။ (က) ဒီစာအုပ်က သင့်ကို ဘယ်လို ကူညီပေးမလဲ။ (ခ) ခရစ်ယာန်တွေအနေနဲ့ ဘယ်လွတ်လပ်မှုကို ကျွန်တော်တို့ ခံစားနေရသလဲ။ အဲဒါကို ဘယ်လို အသုံးပြုသင့်သလဲ။
၂၀ ဒုက္ခများလှတဲ့ စာတန့်လောကရဲ့ ကျန်ရှိတဲ့ နေ့ရက်တွေတစ်လျှောက် သင်ဟာ အဲဒီလိုရွှင်လန်းနိုင်ပြီး ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းနိုင်ဖို့ ဒီစာအုပ်ကို ထုတ်ဝေရတာဖြစ်တယ်။ ဒီစာအုပ်ဟာ နေ့စဉ်ကြုံရတဲ့ အခြေအနေတွေမှာ သင် စဉ်းစားဆင်ခြင်ပြီး ကျင့်သုံးဖို့လိုတဲ့ ကျမ်းစာပညတ်နဲ့ မူအားလုံးကို မဖော်ပြထားဘူး။ အဲဒီအပြင် အမှားအမှန်သိစိတ်နဲ့ပတ်သက်ပြီး ရိုးစင်း၊ တိကျလွန်းတဲ့ စည်းမျဉ်းတွေကို မမျှော်လင့်ပါနဲ့။ ကျမ်းစာကို နေ့စဉ်အသက်တာမှာ လက်တွေ့ ကျင့်သုံးနိုင်ပုံအကြောင်း ဂလာတိ ၆:၂) ဒါကြောင့် ယေဟောဝါဟာ ခရစ်ယာန်တွေကို ထူးကဲတဲ့လွတ်လပ်မှု ပေးအပ်ထားတယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်မှုကို “မကောင်းမှုဖုံးကွယ်တဲ့ အရာအဖြစ်” ဘယ်တော့မှ မသုံးဖို့ ကျမ်းစာသတိပေးတယ်။ (၁ ပေတရု ၂:၁၆) အဲဒီလွတ်လပ်မှုက ယေဟောဝါကို ချစ်မြတ်နိုးကြောင်း ဖော်ပြဖို့ အခွင့်အရေးရစေတယ်။
လေ့လာခြင်းအားဖြင့် အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးပြီး အကဲဆတ်နေစေဖို့ ဒီစာအုပ်ကို ထုတ်ဝေရတာ ဖြစ်တယ်။ မောရှေပညတ်နဲ့မတူဘဲ “ခရစ်တော်ရဲ့တရား” ဟာ လိုက်လျှောက်သူတွေကို ရေးထားတဲ့စည်းမျဉ်းတွေအတိုင်း မဟုတ်ဘဲ မိမိတို့ရဲ့ အမှားအမှန်သိစိတ်နဲ့ မူအတိုင်း အသက်ရှင်နေထိုင်စေတယ်။ (၂၁ ကျမ်းစာမူတွေနဲ့အညီ ဘယ်လို အကောင်းဆုံး နေထိုင်နိုင်တယ်ဆိုတာ ဆုတောင်းသုံးသပ်ပြီး ဆုံးဖြတ်ချက်ချတဲ့အတိုင်း လုပ်ဆောင်ပါ။ ဒါဆိုရင် ယေဟောဝါကို သင်သိကျွမ်းခါစက စတင်ခဲ့တဲ့ အရေးကြီးလုပ်ဆောင်မှုတစ်ခုကို ဆက်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲဒါကတော့ သင့်ရဲ့ “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး” လေ့ကျင့်ပေးခြင်း ဖြစ်တယ်။ (ဟီဘရူး ၅:၁၄) ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သင့်ရဲ့ အမှားအမှန်သိစိတ်ဟာ နေ့စဉ်အသက်တာမှာ အကျိုးပြုပါလိမ့်မယ်။ ခရီးသည်တစ်ဦးကို လမ်းညွှန်ပေးတဲ့ သံလိုက်အိမ်မြှောင်လို သင့်ရဲ့ အမှားအမှန်သိစိတ်ဟာ ကောင်းကင်ဖခင်ရဲ့ စိတ်တော်နဲ့တွေ့မယ့် ဆုံးဖြတ်ချက်တွေကို ချစေပါလိမ့်မယ်။ ဒါက ဘုရားသခင့်မေတ္တာ ခံစားရစေမယ့် နည်းတစ်နည်းပဲ။
^ စာပိုဒ်၊ 5 ဒီကျမ်းချက်မှာ အမှားအမှန်သိစိတ်ဆိုတဲ့ စကားလုံးကို မသုံးထားပေမဲ့ “စိတ်” ဆိုတဲ့ စကားလုံးဟာ “အမှားအမှန်သိစိတ်” နဲ့အဓိပ္ပာယ်တူမှန်း ထင်ရှားတယ်။ ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ “စိတ်” ဆိုတဲ့ စကားလုံးဟာ အမှားအမှန်သိစိတ်ကို ရည်ညွှန်းလေ့ရှိတယ်။ ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ “အမှားအမှန်သိစိတ်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံး အကြိမ် ၃၀ လောက် ပါတယ်။
^ စာပိုဒ်၊ 8 ကြည်လင်တဲ့ အမှားအမှန်သိစိတ်ရှိရုံနဲ့ မလုံလောက်ဘူးလို့ ကျမ်းစာ ဖော်ပြတယ်။ သာဓကအနေနဲ့ ပေါလုက “ကျွန်တော် မကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ကြည်ပါတယ်။ အဲဒီလိုဖြစ်လို့ ကျွန်တော် ဖြောင့်မတ်သွားတာ မဟုတ်ဘူး။ ကျွန်တော့်ကို စစ်ဆေးတဲ့သူဟာ ယေဟောဝါပဲ” လို့ပြောခဲ့တယ်။ (၁ ကောရိန္သု ၄:၄) ခရစ်ယာန်တွေကို တစ်ချိန်တုန်းက နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ပေါလုလိုလူတွေတောင် မိမိတို့လမ်းစဉ်ကို ဘုရားနှစ်သက်တယ်လို့ ထင်တဲ့အတွက် ကြည်လင်တဲ့ အမှားအမှန်သိစိတ်နဲ့အညီ ပြုမူကြမှာပဲ။ ဒါကြောင့် အမှားအမှန်သိစိတ်ဟာ မိမိတို့အတွက် ကြည်လင်ရုံမက ဘုရားသခင်ရှေ့မှာလည်း ကြည်လင်ဖို့ လိုတယ်။—တမန်တော် ၂၃:၁။ ၂ တိမောသေ ၁:၃။
^ စာပိုဒ်၊ 10 တော်သင့်ရုံ သောက်ဖို့ဆိုတာ အရက်စွဲသူတွေအတွက် မဖြစ်နိုင်ဘူးလို့ ဆရာဝန်များစွာ ပြောတာကို မှတ်သားသင့်တယ်။ သူတို့အတွက် “တော်သင့်ရုံ” သောက်တယ်ဆိုတာ လုံးဝ မသောက်ဘဲနေတာကို ဆိုလိုတယ်။