အခန်း ၃၇
မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်ပေး
-
နာအိနမြို့မှာ မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်ပေး
တပ်မှူးရဲ့အစေခံကို ယေရှု ကုသပေးပြီးနောက် ကပေရနောင်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ ကျော်ဝေးတဲ့ နာအိနမြို့ကို ထွက်သွားတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။ တပည့်တွေရော လူတွေပါ အုပ်လိုက်ကြီး လိုက်သွားတယ်။ နာအိနမြို့ပြင်ကို ရောက်တော့ ညနေစောင်းနေပြီ။ အဲဒီမှာ အသုဘလိုက်ပို့တဲ့ ဂျူးအတော်များများနဲ့ ဆုံတယ်။ သေဆုံးသွားတဲ့ လူငယ်အလောင်းကိုထမ်းပြီး မြို့ပြင်မှာသင်္ဂြိုဟ်ဖို့ ထွက်လာကြတာ။
အဲဒီလူအုပ်ထဲမှာ ပူဆွေးသောက အရောက်ဆုံးကတော့ လူငယ်လေးရဲ့အမေပဲ။ သူက မုဆိုးမတစ်ယောက်ပေါ့။ အခု သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဆုံးသွားရှာပြီ။ သူ့ယောက်ျား ဆုံးတုန်းကတော့ သူ့အနားမှာ နှစ်သိမ့်ပေးမယ့် ချစ်ရတဲ့သားလေး ရှိသေးတယ်။ ဒီတော့ သားအမိနှစ်ယောက် ဘယ်လောက် သံယောဇဉ် ကြီးလိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ သားလေးဟာ သူ့ဘဝ၊ သူ့မျှော်လင့်ချက်။ အားကိုးစရာဆိုလို့ ဒီသားလေးပဲရှိတာ။ အခု သားလေးဆုံးသွားပြီဆိုတော့ သူ့ကို ဘယ်သူက အဖော်လုပ်ပေးမလဲ။ ဘယ်သူက ကြည့်ရှုစောင့်ရှောက်ပေးမလဲ။
ပူဆွေးသောကရောက်နေတဲ့ မုဆိုးမရဲ့ သနားစရာ အခြေအနေကို ယေရှုမြင်တော့ အရမ်းစိတ်ထိခိုက်သွားပြီး “မငိုပါနဲ့တော့” လို့ ပြောလိုက်တယ်။ သူ့လေသံက ကရုဏာအပြည့်ပါပြီး ယုံကြည်စိတ်ချမှုလည်း ဖြစ်စေတယ်။ ဒါပေမဲ့ ပြောတာလောက်ပဲ မဟုတ်ဘူး။ ရှေ့တိုးသွားပြီး အလောင်းစင်ကို ကိုင်လိုက်တယ်။ (လုကာ ၇:၁၃၊ ၁၄) ဝမ်းနည်းနေတဲ့ မြို့သူမြို့သားတွေဟာ ယေရှုရဲ့အပြုအမူကြောင့် အံ့သြသွားပြီး ရပ်လိုက်ကြတယ်။ ‘သူဘာလို့ ဒီလိုလုပ်တာလဲ၊ ဘာများလုပ်မလို့လဲ’ ဆိုပြီး စဉ်းစားနေကြမှာပဲ။
ယေရှုနဲ့အတူပါလာတဲ့ လူအုပ်ကြီးရော။ သူတို့က ယေရှု အံ့ဖွယ်အမှုတွေ လုပ်တာ၊ ရောဂါကုပေးတာတွေကို မြင်ခဲ့ပြီးပြီ။ လူသေတွေကို ရှင်ပြန်ထမြောက်ပေးတာတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။ အတိတ်တုန်းကတော့ လူသေတွေ အသက်ပြန်ရှင်လာတဲ့ မှတ်တမ်းတွေ ရှိခဲ့ပေမဲ့ ယေရှု အဲဒီလိုလုပ်နိုင်ပါ့မလား။ (၁ ဘုရင်များ ၁၇:၁၇-၂၃။ ၂ ဘုရင်များ ၄:၃၂-၃၇) ယေရှုက “လူလေး၊ ကျွန်တော်ပြောမယ်။ ထပါ” လို့ပြောလိုက်တယ်။ (လုကာ ၇:၁၄) ပြောတဲ့အတိုင်း သေတဲ့လူက ထထိုင်ပြီး စကားပြောတော့တယ်။ ယေရှုလည်း အံ့သြနေတဲ့ အမေဆီ သားကို အပ်လိုက်တယ်။ အခု သူ့အမေ တစ်ယောက်တည်းမဟုတ်တော့လို့ ဘယ်လောက် ဝမ်းသာနေမလဲ။
လူငယ် အသက်ပြန်ရှင်လာတာကို လူအုပ်မြင်တဲ့အခါ “ငါတို့လုကာ ၇:၁၆) အံ့သြစရာကောင်းတဲ့ ဒီသတင်းက ပတ်ဝန်းကျင်အရပ်ရပ်ကို ချက်ချင်း ပျံ့နှံ့သွားတယ်။ ၆ မိုင်လောက်ဝေးတဲ့ ယေရှုရဲ့ဇာတိမြို့ နာဇရက်ကိုတောင် ရောက်နိုင်တယ်။ ဒါ့အပြင် တောင်ဘက် ယုဒပြည်တစ်ဝန်းလုံးကိုလည်း ပျံ့သွားတယ်။
ဆီမှာ ကြီးမြတ်တဲ့ပရောဖက် ပေါ်ထွန်းပြီ” လို့ပြောပြီး အသက်ပေးပိုင်ရှင် ယေဟောဝါဘုရားကို ချီးမွမ်းဂုဏ်တင်ကြတယ်။ တချို့က ယေရှုလုပ်ပေးတဲ့ အံ့ဖွယ်အမှုရဲ့အဓိပ္ပာယ်ကို နားလည်ပြီး “ဘုရားသခင်က သူ့လူမျိုးကို သတိရပြီ” လို့လည်း ပြောကြတယ်။ (နှစ်ခြင်းပေးသူ ယောဟန်ကတော့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ ယေရှုရဲ့လုပ်ဆောင်မှုတွေကို သူ သိပ်စိတ်ဝင်စားနေတာ။ သူ့တပည့်တွေက ဒီအံ့ဖွယ်အမှုတွေအကြောင်း ပြောပြကြတယ်။ သူ ဘယ်လို တုံ့ပြန်သလဲ။