မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

ဘဝရည်ရွယ်ချက်ကိုရှာတွေ့

ဟိုစေး အယ်စ်တီဘက်စ်

ဘဝရည်ရွယ်ချက်ကိုရှာတွေ့
  • မွေးဖွားတဲ့နှစ် ၁၉၆၈

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၈၉

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ဘဝတက်လမ်းကိုရှာဖို့ လူငယ်လေးဟိုစေးဟာ နယ်ကနေ မြို့ကိုတက်လာတယ်။ အမှန်တရားသိလာပြီးနောက် နှစ်တွေတစ်လျှောက် ဇွဲရှိရှိအမှုဆောင်ပြီး ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားခဲ့တယ်။

ဟိုစေးဟာ အသက် ၁၁ နှစ်မှာ စန်တို ဒိုမင်ဂိုမြို့ကို ပြောင်းလာတယ်။ ၀င်ငွေရဖို့ ဖိနပ်တိုက်ချွတ်အရောင်တင်တယ်၊ လိမ္မော်သီးရောင်းတယ်၊ ရေခဲခြစ်ရောင်းတယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းအလုပ်ကြိုးစားတယ်ဆိုတဲ့ နာမည်ကောင်းရထားတယ်။ နှစ်အနည်းငယ်ကြာပြီးနောက် ယေဟောဝါသက်သေဖြစ်သူအစ်ကိုက သူ့ကို အိမ်စောင့်ခိုင်းတယ်။ အဲဒီအိမ်ရဲ့ထမင်းစားပွဲပေါ်မှာ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင် စာအုပ်ကိုတွေ့တော့ တစ်ညတည်းနဲ့အပြီးဖတ်လိုက်တယ်။ ဘဝမှာရည်ရွယ်ချက်ရှိစေတဲ့အရာကို ရှာတွေ့ပြီဆိုတာ သူနားလည်သွားတယ်။

နောက်တစ်ပတ် စနေ၊ တနင်္ဂနွေကျတော့ အနီးဆုံးနိုင်ငံတော်ခန်းမမှာ စည်းဝေးသွားတက်ပြီး သူ့ကိုယ်သူ ယေဟောဝါသက်သေတစ်ယောက်ပါလို့ ပြောတယ်။ စည်းဝေးတွေတက်ရမယ်၊ သတင်းကောင်းဟောရမယ်ဆိုတာ သူသိတယ်လို့ ညီအစ်ကိုတွေကိုပြောတယ်။ ဒါ့အပြင် ထာဝစဉ်အသက်ရှင်နိုင် စာအုပ်မှာ ဖတ်ရတဲ့အချက်တွေအရ ခရစ်ယာန်တွေ ရှောင်ကြဉ်ရမယ့်အရာတွေကို သိလာတယ်၊ အဲဒါတွေကို သူမလုပ်ပါဘူးလို့လည်း ပြောပြတယ်။ ဆယ့်ငါးရက်ကြာပြီးနောက် ဟိုစေး ကြေညာသူဖြစ်လာတယ်။ နောက်ခြောက်လအကြာ၊ အသက် ၂၁ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။

ဟိုစေးရဲ့အလုပ်ချိန်က စည်းဝေးတက်ဖို့ အဆင်မပြေဘူး။ ဒါကြောင့် အလုပ်တွေကိုလျှော့ချပြီး အလုပ်တစ်ခုပဲလုပ်တော့တယ်။ အရင်က၀င်ငွေရဲ့ လေးပုံတစ်ပုံပဲရပေမဲ့ စည်းဝေးတက်ဖို့၊ မှန်မှန်ရှေ့ဆောင်လုပ်ဖို့ အချိန်ရသွားတယ်။ နောက်ပိုင်းမှာတော့ အိမ်ထောင်ကျပြီး သားနှစ်ယောက်ရလာလို့ ရှေ့ဆောင်နားလိုက်တယ်။

ဟိုစေးဟာ သားတွေကို နို့စို့အရွယ်ကတည်းက အမှန်တရားသင်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် သူ့ဇနီးခိုစီဖီနာက သားကြီးနိုအီကို ကိုယ်ဝန်ဆောင်ချိန်မှာ ဟိုစေးက ဗိုက်ထဲက,ကလေးကြားနိုင်အောင် ကိုယ်ဝန်သုံးလကစပြီး ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို အသံကျယ်ကျယ်ဖတ်ပြတယ်။ နိုအီမွေးလာပြီးနောက် ဟိုစေးက စာအုပ်တစ်အုပ်လုံးကို ဖတ်ပြတယ်။ သားငယ်နက်ဖ်တလီကိုလည်း အဲဒီလိုပဲလုပ်ခဲ့တယ်။

နောက်ပိုင်းမှာ ဟိုစေးဟာ အထွေထွေမန်နေဂျာဖြစ်လာပြီး သူ့လစာက အရင်လစာရဲ့ဆယ်ဆရှိတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်၊ သားနှစ်ယောက် ၁၀ နှစ်နဲ့ ၁၃ နှစ်အရွယ်မှာ မန်နေဂျာရာထူးကနေ နုတ်ထွက်ပြီး မှန်မှန်ရှေ့ဆောင်ပြန်လုပ်တယ်။ ဒီတစ်ကြိမ်မှာတော့ ဇနီးနဲ့ သားနှစ်ယောက်လည်းပါတယ်။ သူ့ဝင်ငွေ တော်တော်လျော့သွားလို့ မိသားစုအားလုံးက အတတ်နိုင်ဆုံးချွေတာကြတယ်။ သူတို့လေးယောက်ဟာ စုစုပေါင်းသင်အံမှု ၃၀ နီးပါး လစဉ်ကျင်းပနေကြတယ်။ နိုင်ငံတော်ကိုရှေးဦးထားရင် ယေဟောဝါကောင်းချီးပေးမယ်လို့ ယေရှုကတိပေးခဲ့တယ်။ (မ. ၆:၃၃) ဟိုစေးတို့မိသားစုက အဲဒီကတိကို ယုံကြည်ကြတယ်။ ယေဟောဝါဟာ ကတိတော်တွေကို ပြည့်စုံစေတဲ့အရှင်ဖြစ်တယ်ဆိုတာ သူတို့မိသားစု ကိုယ်တွေ့ခံစားနေရတယ်။