ဘုရားသခင့်နိုင်ငံတော်က စစ်ပွဲတွေကို ဘယ်လိုဖြေရှင်းပေးမလဲ
ကမ္ဘာတစ်ဝန်းမှာ စစ်ကြောင့် သေကျေပျက်စီးမှုတွေ ပိုများလာပြီး လူတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတယ်။ အောက်ပါသတင်းတွေကို သတိပြုကြည့်ပါ–
“မနှစ်က စစ်ကြောင့် သေဆုံးခဲ့သူအရေအတွက်ဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ အမြင့်ဆုံးပဲ။ အများစုက အီသီယိုးပီးယားစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲမှာ သေဆုံးသွားကြတာ။”—အော်စလို ငြိမ်းချမ်းရေး သုတေသနအဖွဲ့၊ ဇွန် ၇၊ ၂၀၂၃။
“ယူကရိန်းစစ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲက တစ်ခုပဲရှိသေးတယ်။ မနှစ်က ကမ္ဘာတစ်ဝန်းမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ အရင်ကထက် ၂၇% တိုးလာပြီး လူ ၁.၇ ဘီလီယံလောက် စစ်ဘေးသင့်နေတယ်။”—လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်စောင့်ကြည့်ရေးအဖွဲ့ (ACLED)၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။
ကျမ်းစာက အခုလို မျှော်လင့်ချက် ပေးထားပါတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။” (ဒံယေလ ၂:၄၄) အဲဒီနိုင်ငံတော်၊ အစိုးရလက်အောက်မှာ “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ်။—ဆာလံ ၄၆:၉။