မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထီးကျန်ဝေဒနာကို ဘယ်လို ကုစားရပါ့မလဲ

အထီးကျန်ဝေဒနာကို ဘယ်လို ကုစားရပါ့မလဲ

 တစ်ကိုယ်တည်း ဖြစ်နေတယ်၊ အထီးကျန်လိုက်တာလို့ ခံစားနေရပါသလား။ ဒါဆိုရင် “အိမ်မိုးပေါ်မှာ အထီးကျန်နေတဲ့ ငှက်လိုပါပဲ” လို့ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားနေရနိုင်တယ်။ (ဆာလံ ၁၀၂:၇) ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေက အထီးကျန်ဝေဒနာကို ကုစားဖို့ ကူညီပေးနိုင်တယ်။

 ဘုရားသခင်နဲ့ ရင်းနှီးနေအောင် ကြိုးစားပါ

 တစ်ကိုယ်တည်း ဖြစ်နေချိန်မှာတောင် ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း အသိအမှတ်ပြုမယ်၊ ဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားနေမယ်ဆိုရင် ပျော်ရွှင်နိုင်မယ်။ (မဿဲ ၅:၃၊) အောက်ပါအချက်တွေက အကူအညီ ဖြစ်စေနိုင်တယ်။

 အားရှိစရာ ကျမ်းချက်တွေ ဖတ်ပါ

 အောက်ပါ ကျမ်းချက်တွေက လူများစွာကို အားရှိစေတယ်။ တစ်ထိုင်တည်း ကျမ်းချက်အများကြီး ဖတ်မယ့်အစား တစ်ကိုယ်တည်း ရှိနေချိန်မှာ ကျမ်းပိုဒ်တစ်ပိုဒ်စီကို အချိန်ယူ တွေးတောပါ ဆုတောင်းပါ။—မာကု ၁:၃၅

 ကမ္ဘာ့အခြေအနေ ဘာကြောင့် ဆိုးနေမှန်း သိအောင် လေ့လာပါ

 မလိုအပ်တဲ့ စိုးရိမ်ပူပန်စရာတွေကို ခေါင်းထဲက ထုတ်လိုက်ပါ

 အောက်ပါ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေက အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးလာတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်အောင်၊ ဆက် “မစိုးရိမ်” တော့အောင် ကူညီပေးနိုင်တယ်။—မဿဲ ၆:၂၅

 မိတ်ဆွေကောင်း ဖွဲ့ပါ

 မိတ်ဆွေတွေက စိတ်ကို ကျန်းမာကြံ့ခိုင်စေတယ်။ လူချင်း တွေ့ဖို့ ခက်နေချိန်မှာ ပိုလိုအပ်တယ်။ အိမ်တွင်းအောင်းနေရချိန်မှာ ဗီဒီယိုချိတ်ဆက်ခြင်း၊ ဖုန်းဆက်ခြင်းအားဖြင့် မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲစေနိုင်သလို မိတ်ဆွေသစ်တွေ ဖွဲ့နိုင်ပါတယ်။ အောက်ပါ ဆောင်းပါးတွေက မိတ်ဆွေစစ် ရှာတွေ့နိုင်ဖို့၊ ကိုယ်တိုင် မိတ်ဆွေစစ် ဖြစ်နိုင်ဖို့ ကူညီပေးတယ်။—ပညာအလိမ္မာ ၁၇:၁၇

 ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပါ

 ‘ကာယလေ့ကျင့်ခန်း လုပ်တာ အကျိုးရှိတယ်’ လို့ ကျမ်းစာမှာ ပြောတယ်။ (၁ တိမောသေ ၄:၈) ကာယလေ့ကျင့်ခန်းက အထူးသဖြင့် တစ်ကိုယ်တည်း ဖြစ်နေချိန်မှာ စိတ်ကို ကျန်းမာကြံ့ခိုင်စေတယ်။ အိမ်ပြင် မထွက်ရရင်လည်း လန်းဆန်းပေါ့ပါးနေစေဖို့ လုပ်ဆောင်နိုင်စရာတွေ ရှိတယ်။