မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နျူကလီးယားဗုံးပေါက်ကွဲနေပုံ

သတိနဲ့ စောင့်နေကြပါ

အာမဂေဒုန်ဖြစ်တော့မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ သတိပေး—ကျမ်းစာအဆိုက ဘာလဲ

အာမဂေဒုန်ဖြစ်တော့မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ သတိပေး—ကျမ်းစာအဆိုက ဘာလဲ

 ရုရှားနဲ့ ခရိုင်းမီးယားကို ဆက်သွယ်တဲ့ အဓိကတံတားတစ်စင်း ဖျက်ဆီးခံရပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ယူကရိန်းနိုင်ငံတစ်ဝန်းက မြို့တွေကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်။ အာမဂေဒုန် မကြာခင်ဖြစ်တော့မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေပြောပြီး သိပ်မကြာခင်မှာပဲ အဲဒီလို ဖြစ်ပျက်ခဲ့တယ်။

  •   “အာမဂေဒုန်ဖြစ်ခါနီး အခြေအနေက [အမေရိကန် သမ္မတ ဂျွန် အက်ဖ်] ကနေဒီနဲ့ ကျူးဘားဒုံးကျည်အရေးအခင်း ဖြစ်ပြီးနောက်ပိုင်း ဒါ ဦးဆုံးပဲ။ . . . နျူကလီးယားလက်နက်ကိုသာ သုံးကြရင်တော့ အာမဂေဒုန်ဖြစ်မှာပဲ။”—အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်၊ အောက်တိုဘာ ၆၊ ၂၀၂၂။

  •   “ဒါအာမဂေဒုန်ပဲလို့ ကျွန်တော်ယူမှတ်တယ်။ တစ်ကမ္ဘာလုံး အန္တရာယ်ရှိနေပြီ။”—ယူကရိန်း သမ္မတ ဗိုလော့ဒီမာ ဇယ်လန်စကီး၊ နျူကလီးယားလက်နက် အသုံးပြုခြင်းရဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး ဘီဘီစီသတင်းမှာ ဖြေကြားချက်၊ အောက်တိုဘာ ၈၊ ၂၀၂၂။

 နျူကလီးယားလက်နက်တွေကို အသုံးပြုကြရင် အာမဂေဒုန် ဖြစ်သွားမလား။ ကျမ်းစာအဆိုက ဘာလဲ။

နျူကလီးယားလက်နက်တွေကြောင့် အာမဂေဒုန် ဖြစ်လာမလား

 ဖြစ်လာမှာ မဟုတ်ဘူး။ ကျမ်းစာထဲမှာ “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို ဗျာဒိတ် ၁၆:၁၆ တစ်နေရာတည်းမှာ ဖော်ပြထားတယ်။ နိုင်ငံအချင်းချင်း တိုက်တဲ့စစ်ပွဲ မဟုတ်ဘဲ ဘုရားသခင်နဲ့ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” တိုက်ခိုက်တဲ့စစ်ပွဲဖြစ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ဗျာဒိတ် ၁၆:၁၄) အာမဂေဒုန်စစ်ပွဲကို သုံးပြီး လူ့အုပ်ချုပ်ရေးတွေကို ဘုရား အဆုံးတိုင်စေပါမယ်။—ဒံယေလ ၂:၄၄

 အာမဂေဒုန်ကြောင့် ကမ္ဘာကြီးဘာဖြစ်သွားမလဲဆိုတဲ့အကြောင်း ပိုသိချင်ရင် အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ ဆောင်းပါးကို ဖတ်ပါ။

နျူကလီးယားစစ်ပွဲကြောင့် ကမ္ဘာမြေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ပျက်စီးသွားမလား

 ပျက်စီးသွားမှာ မဟုတ်ဘူး။ လူ့အုပ်စိုးရှင်တွေက အနာဂတ်မှာ နျူကလီးယားလက်နက်သုံးမယ်ဆိုရင်တောင် ဘုရားသခင်က ကမ္ဘာကြီးကို အဖျက်ဆီးခံမှာ မဟုတ်ဘူး။ ကျမ်းစာမှာ ဒီလိုဆိုထားတယ်–

  •   “ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”—ဒေသနာ ၁:၄

  •   “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

 ဒါပေမဲ့ ကျမ်းစာကြိုဟောချက်တွေနဲ့ လက်ရှိအဖြစ်အပျက်တွေက လူ့သမိုင်းမှာ အချိုးအကွေ့တစ်ခု ဖြစ်တော့မယ်ဆိုတာ ညွှန်ပြနေတယ်။ (မဿဲ ၂၄:၃-၇။ ၂ တိမောသေ ၃:၁-၅) အနာဂတ်မှာ ဘာတွေဖြစ်ပျက်လာမယ်ဆိုတဲ့အကြောင်း ကျမ်းစာအဆိုကို အခမဲ့ ကျမ်းစာလေ့လာမှု ကနေ လေ့လာကြည့်ပါ။