မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၁၈

‘ယုံကြည်ခြင်း တိုးများစေပါ’

‘ယုံကြည်ခြင်း တိုးများစေပါ’

(လုကာ ၁၇:၅)

  1. ၁။ အို ယေဟောဝါ၊ ကျွန်တော်တို့ မစုံလင်လို့၊

    စိတ်နှလုံး အကြံအစည် မိုက်မဲလှ။

    အလွယ်တကူ ကျော့မိစေသော အပြစ်ရှိတာ၊

    သက်ရှင်ဘုရားကို မယုံခြင်း ဖြစ်ပေ။

    (ထပ်ကျော့ပိုဒ်)

    ယုံကြည်ခြင်း တိုးစေတော်မူပါ၊ ယေဟောဝါ။

    လိုအပ်သမျှ ကူမပေးတော်မူပါ။

    ကရုဏာနဲ့ ယုံကြည်ခြင်း မြှင့်တင်ပေးပါ၊

    အပြောအလုပ်နဲ့ ဂုဏ်တော် ချီးမွမ်းဖို့။

  2. ၂။ ယုံကြည်ခြင်း မရှိရင် စိတ်တော် မတွေ့နိုင်။

    ယုံခြင်းအကျိုးရမှာကို ယုံရမယ်။

    တို့ယုံကြည်ခြင်း၊ ဒိုင်းလိုပဲ ခိုလှုံရာဖြစ်။

    မကြောက်ရွံ့ဘဲ အနာဂတ် ရင်ဆိုင်မယ်။

    (ထပ်ကျော့ပိုဒ်)

    ယုံကြည်ခြင်း တိုးစေတော်မူပါ၊ ယေဟောဝါ။

    လိုအပ်သမျှ ကူမပေးတော်မူပါ။

    ကရုဏာနဲ့ ယုံကြည်ခြင်း မြှင့်တင်ပေးပါ၊

    အပြောအလုပ်နဲ့ ဂုဏ်တော် ချီးမွမ်းဖို့။

(က. ၈:၂၁။ ဟီ. ၁၁:၆။ ၁၂:၁ တို့ကိုလည်း ကြည့်ပါ။)