သီချင်း ၁၄၃
ဆက်မှုတော်ဆောင်ကာ စောင့်ဆိုင်းနေပါ
-
၁။ အချိန်ကာလ သတ်မှတ်ပေးရှင်၊
ဘုရားနာမတော် ယေဟောဝါ၊
သံသယကင်းမယ့်အချိန် နီးပြီ၊
နိမိတ်များ မြင်နေရပြီ။
(ထပ်ကျော့ပိုဒ်)
ဆက်အမှုတော်ဆောင်ကာ ဆက်ပြီးစောင့်ဆိုင်းနေ၊
ဝမ်းမြောက်စွာ မျှော်လင့် စောင့်ကာနေ၊
လိုတော်အတိုင်း အသက်ရှင်လေ။
-
၂။ ဘုရား အချိန် သတ်မှတ်ထားပြီ။
သားတော် အဆင်သင့် ပြင်ထားပြီ။
ဆန့်ကျင်မှုအားလုံး ချေမှုန်းမှာ၊
ဓားတော် အောင်ပွဲခံတော့မှာ။
(ထပ်ကျော့ပိုဒ်)
ဆက်အမှုတော်ဆောင်ကာ ဆက်ပြီးစောင့်ဆိုင်းနေ၊
ဝမ်းမြောက်စွာ မျှော်လင့် စောင့်ကာနေ၊
လိုတော်အတိုင်း အသက်ရှင်လေ။
-
၃။ ဖန်ဆင်းရာများ ညည်းတွားကြလည်း၊
တို့များ ယုံကြည်စွာ စောင့်ဆိုင်းဆဲ။
ယေဟောဝါရဲ့နေ့ကြီး နီးပြီ။
လွတ်မြောက်ချိန် ရောက်ရှိတော့မည်။
(ထပ်ကျော့ပိုဒ်)
ဆက်အမှုတော်ဆောင်ကာ ဆက်ပြီးစောင့်ဆိုင်းနေ၊
ဝမ်းမြောက်စွာ မျှော်လင့် စောင့်ကာနေ၊
လိုတော်အတိုင်း အသက်ရှင်လေ။