သီချင်း ၁၄၇
ထာဝရအသက် ကတိတော်
-
၁။ ထာဝရအသက် ကတိရှိ။
တို့မြေစံအိမ် တည်တံ့မှာ။
‘စိတ်နှိမ့်ချသူများ ရှင်သန်မှာ။’
အနာဂတ် သေချာလှ။
(ထပ်ကျော့ပိုဒ်)
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။
-
၂။ ပရဒိ စုံလင်ခြင်း ယူဆောင်၊
ဘုရားသားသမီး လွတ်မြောက်။
ယေဟောဝါရဲ့ ညွှန်ကြားမှုအောက်၊
ငြိမ်းချမ်း ကမ္ဘာ ဆိုက်ရောက်။
(ထပ်ကျော့ပိုဒ်)
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။
-
၃။ ထမြောက်ရှင်ပြန်ရာ အချိန်မှာ
ပျောက်ကွယ်မယ် ဝမ်းနည်းမှုများ။
ယုယကြင်နာမှု ဘုရားပေး၊
သုတ်ပေးမယ် မျက်ရည်များ။
(ထပ်ကျော့ပိုဒ်)
စဉ်မြဲ နေနိုင်ကြမှာ။
ကြိုးစားရကျိုး နပ်မှာ။
စိတ်ချရ နှုတ်တော်ထွက်။
ကတိတော် သေချာ။
(ဟေရှာ. ၂၅:၈။ လု. ၂၃:၄၃။ ယော. ၁၁:၂၅။ ဗျာ. ၂၁:၄ တို့ကိုလည်း ကြည့်ပါ။)