မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇၆

ဘယ်လို ခံစားရလဲ

ဘယ်လို ခံစားရလဲ

(ဟီဘရူး ၁၃:၁၅)

  1. ၁။ စိတ်ရိုးဖြောင့်သူ တွေ့ဖို့

    ထက်သန်မှုနဲ့ အစွမ်းကုန်

    ကြိုးစားဟောပြောပေးတဲ့ခါ

    ဘယ်လို ခံစားရလဲ။

    အကောင်းဆုံး လုပ်သွားရင်

    ကျန်တာ ဘုရား တာဝန်ထား။

    စိတ်ရိုးဖြောင့်သူ ကိုယ်တော် သိ၊

    ကြိုက်နှစ်သက်တော်မူ၏။

    (ထပ်ကျော့ပိုဒ်)

    စိတ်နှလုံး ကြွင်းမဲ့ ပေးဆက်တော့

    ပျော်ရွှင်ဝမ်းမြောက်မှု ရရှိပေါ့။

    တစ်သက်တာ ထာဝရပတ်လုံး

    ဂုဏ်တော် ချီးမွမ်းမဆုံး။

  2. ၂။ တို့ဟောပြောတဲ့စကား

    စိတ်ရိုးသားသူ နှစ်သက်ကာ

    အသက်လမ်းပေါ် ရောက်တဲ့ခါ

    ဘယ်လို ခံစားရလဲ။

    တချို့ နောက်ပြန်လှည့်သွား၊

    တချို့ကျတော့ လမ်းလွဲသွား။

    တို့တော့ နာမတော်အကြောင်း

    သက်သေခံဆဲပဲကွယ်။

    (ထပ်ကျော့ပိုဒ်)

    စိတ်နှလုံး ကြွင်းမဲ့ ပေးဆက်တော့

    ပျော်ရွှင်ဝမ်းမြောက်မှု ရရှိပေါ့။

    တစ်သက်တာ ထာဝရပတ်လုံး

    ဂုဏ်တော် ချီးမွမ်းမဆုံး။

  3. ၃။ ဘုရား ထောက်မပေးမှန်း၊

    တာဝန် အပ်နှင်းထားပေးမှန်း

    ကိုယ်တိုင် သိလာရတဲ့ခါ

    ဘယ်လို ခံစားရလဲ။

    နှစ်လိုဖွယ်စကားနဲ့

    ဂုဏ်ယူရင်း ဟောပြောစို့ကွယ်၊

    ထိုက်တန်သူ ရှာကြစို့ကွယ်၊

    ဒီအလုပ် ပြီးတော့မယ်။

    (ထပ်ကျော့ပိုဒ်)

    စိတ်နှလုံး ကြွင်းမဲ့ ပေးဆက်တော့

    ပျော်ရွှင်ဝမ်းမြောက်မှု ရရှိပေါ့။

    တစ်သက်တာ ထာဝရပတ်လုံး

    ဂုဏ်တော် ချီးမွမ်းမဆုံး။

(တ. ၁၃:၄၈။ ၁ သက်. ၂:၄။ ၁ တိ. ၁:၁၁ တို့ကိုလည်း ကြည့်ပါ။)