ကင်းမျှော်စင် အမှတ် ၁၊ ၂၀၁၈ | ကျမ်းစာဟာ အခုချိန်မှာ လက်တွေ့ကျသေးရဲ့လား
ကျမ်းစာဟာ အခုချိန်မှာ လက်တွေ့ကျသေးရဲ့လား
အဆင့်မြင့်နည်းပညာကနေ အချက်အလက်တွေ အများကြီး ရနိုင်တဲ့ ဒီခေတ်ကြီးမှာ ကျမ်းစာဟာ လက်တွေ့မကျဘဲ ခေတ်နောက်ကျသွားပြီလား။ ကျမ်းစာမှာ ဒီလိုပြောတယ်–
‘ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် အကျိုးဖြစ်ထွန်းစေတယ်။’—၂ တိမောသေ ၃:၁၆။
သမ္မာကျမ်းစာဟာ ဘဝကဏ္ဍတိုင်းအတွက် လမ်းညွှန်မှုပေးနိုင်တဲ့အကြောင်း ဒီကင်းမျှော်စင်မှာ ဆွေးနွေးထားတယ်။
အခုချိန်မှာ ကျမ်းစာလမ်းညွှန်ချက်ဟာ လက်တွေ့ကျသေးရဲ့လား
မိနစ်တိုင်း သတင်းအချက်အလက်အသစ်တွေ ရနိုင်တဲ့ ဒီခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးက ရေးသားပြီးစီးခဲ့တဲ့ ကျမ်းစာကို ဘာကြောင့် အားထားနေမှာလဲ။
ကျမ်းစာသွန်သင်ချက်တွေဟာ အချိန်တိုင်း အကျိုးပြု
တွေ့ရှိချက်အသစ်တွေကြောင့် ခေတ်နောက်ကျသွားမယ့်အစား ကျမ်းစာသွန်သင်ချက်တွေ၊ စံနှုန်းတွေဟာ လက်တွေ့ကျပြီး အသုံးဝင်နေဆဲပဲ။
ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား
ကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေကြောင့် သင်အံ့ဩမိနိုင်တယ်။
၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး
ဘုရားရဲ့လမ်းညွှန်ချက်ကို လိုက်နာလို့ ဘဝပြဿနာတချို့ကို ရှောင်လွှဲနိုင်ခဲ့ပုံအကြောင်း သုံးသပ်ကြည့်ပါ။
၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး
ကျမ်းစာအကြံပြုချက်တွေက အစိုးရိမ်လွန်ခြင်း၊ အချိန်ဆွဲခြင်း၊ အထီးကျန်ခြင်းစတဲ့ အမြစ်တွယ်နေတဲ့ စိတ်ပျက်စရာ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးတယ်။
၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး
နာတာရှည်ရောဂါ ဒါမှမဟုတ် သေခြင်းစတဲ့ ရှောင်လွှဲလို့၊ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာမျိုး ကြုံလာရင်ကော။
သမ္မာကျမ်းစာနဲ့ သင့်အနာဂတ်
မရေရာမသေချာတဲ့ ဒီလောကမှာ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျမ်းစာက ကူညီပေးနိုင်တယ်။ ဒါတင် မကသေးဘူး။ တောက်ပတဲ့ အနာဂတ်ရှိကြောင်း သိမြင်စေတယ်။
သင် ဘယ်လိုထင်ပါသလဲ
ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတချို့ယုံကြည်ရာနဲ့ ကျမ်းစာသွန်သင်ရာကို သုံးသပ်ကြည့်ပါ။