မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၃ | ကျမ်းစာ စံနမူနာရှင်များ

၃ | ကျမ်းစာ စံနမူနာရှင်များ

ကျမ်းစာမှာ “ကျွန်တော်တို့လိုပဲ ခံစားချက် ရှိ” တဲ့ သစ္စာရှိ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ဖော်ပြထားတယ်။ —ယာကုပ် ၅:၁၇

ဘာကို ဆိုလိုသလဲ

လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြောင်း ကျမ်းစာမှာ ပါတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းတွေကနေ သိနိုင်တယ်။ သူတို့အကြောင်း ဖတ်တဲ့အခါ ကိုယ့်လို တွေးခေါ်ခံစားသူတွေ ရှိပါလားဆိုတာ သိလာမယ်။

ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ

ကျွန်တော်တို့အားလုံး ကိုယ့်ကို တခြားသူတွေ နားလည်ပေးတာ လိုချင်ကြတယ်။ အထူးသဖြင့်၊ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရတဲ့အခါ ဖြစ်တယ်။ ကျမ်းစာဇာတ်ကောင်တွေရဲ့ ဖြစ်ရပ်မှန် တွေ့ကြုံမှုတွေ ဖတ်တဲ့အခါ ကိုယ့်လိုလူတွေ ရှိပါလားဆိုတာ သိလာတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိက စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်စရာ ခံစားချက်တွေကို တိုက်ထုတ်ဖို့ အားတက်လာစေတယ်။

  • ကူကယ်ရာ မဲ့နေတယ်လို့ ခံစားရသူတွေ၊ ကြံရာမရ ဖြစ်နေသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ငါတော့ မရတော့ဘူး’ လို့ သင် ခံစားဖူးသလား။ မောရှေ၊ ဧလိယ၊ ဒါဝိဒ်တို့လည်း အဲဒီလိုပဲ ခံစားခဲ့ဖူးတယ်။—တောလည်ရာ ၁၁:၁၄။ ၁ ဘုရင်များ ၁၉:၄။ ဆာလံ ၅၅:၄

  • မြုံနေရတဲ့အထဲ ပြိုင်ဘက်ဇနီး မခံချိမခံသာ ဖြစ်အောင် ပြောလွန်းလို့ “စိတ်ဆင်းရဲ” နေရတဲ့ ဟန္နလို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ —၁ ရှမွေလ ၁:၆၊ ၁၀

  • ယောဘလို့ ခေါ်တဲ့ အမျိုးသား တစ်ယောက်အကြောင်းလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ယောဘဟာ ယုံကြည်ခြင်း ခိုင်မာသူ ဖြစ်ပေမဲ့ စိတ်ဓာတ်ကျလွန်းလို့ “အသက်ရှင်ရတာကို ရွံမုန်းလှပြီ။ ဆက်အသက် မရှင်ချင်တော့ဘူး” လို့ ပြောဖူးတယ်။—ယောဘ ၇:၁၆

အပျက်သဘော အတွေးတွေကို ဒီကျမ်းစာ ဇာတ်ကောင်တွေ ဘယ်လို အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့တယ်ဆိုတာ လေ့လာတဲ့အခါ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တဲ့ ခွန်အား ရရှိလာမယ်။