မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီနေ့အချိန်မှာ စိတ်ချရတဲ့လမ်းညွှန်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ

ဒီနေ့အချိန်မှာ စိတ်ချရတဲ့လမ်းညွှန်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရွေးချယ်ဆုံးဖြတ်ချက်တွေ မှန်မမှန် ဘယ်လို သိနိုင်မလဲ။ မှန်တယ်လို့ ယူဆပြီး ဒီနေ့ ချလိုက်တဲ့ ဆုံးဖြတ်ချက် မနက်ဖြန် နောင်တရစရာ မရှိအောင် ဘယ်လို လုပ်နိုင်မလဲ။

နောင်တမရမယ့် ရွေးချယ်ဆုံးဖြတ်မှုမျိုး ဖြစ်ဖို့ ကျမ်းစာ ကူညီပေးနိုင်တယ်။ ဘာကြောင့်လဲ။ ကျမ်းစာဟာ ကျွန်တော်တို့ကို ဘယ်အရာက ပျော်ရွှင်လုံခြုံစေမလဲဆိုတာ ကောင်းကောင်း သိတဲ့ ဖန်ဆင်းရှင်ဆီက ဖြစ်လို့ပါ။

“ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။”—မိက္ခာ ၆:၈

ကျမ်းစာမှာ ပါတဲ့ လက်တွေ့ကျအကြံဉာဏ်တွေကို “အခုရော၊ နောင်ရော အမြဲ စိတ်ချနိုင်တယ်။”—ဆာလံ ၁၁၁:၈

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ သင့်ကို ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။