မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ဒုက္ခရောက်တဲ့အခါ ဘုရား ဘယ်လို ခံစားရသလဲ

သင် ဒုက္ခရောက်တဲ့အခါ ဘုရား ဘယ်လို ခံစားရသလဲ

လူ​တချို့က ဘုရား မမြင်​ဘူး၊ ဂရုမစိုက်​ဘူးလို့ ယူဆကြတယ်။

ကျမ်းစာ​ပြောတာကို သုံးသပ်​ကြည့်ပါ

  • ဘုရား မြင်တယ်၊ ဂရုစိုက်​တယ်

    ‘ကမ္ဘာပေါ်မှာ လူတွေ သိပ်​ဆိုးသွမ်း​နေတာကို ယေဟောဝါ မြင်တဲ့အခါ စိတ်မကောင်း​ဖြစ်တယ်၊ စိတ်ထိခိုက်​တယ်။’—ကမ္ဘာဦး ၆:၅၊ ၆

  • ဆင်းရဲဒုက္ခ​အားလုံးကို အဆုံးတိုင်​စေမယ်

    “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့​ရှိတတ်တဲ့​နေရာမှာ သွား​ကြည့်ရင်​တောင် ရှိ​ကြ​တော့​မှာ မဟုတ်ဘူး။ စိတ်နူးညံ့​သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်​ရလိမ့်မယ်။ များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့် ပျော်ရွှင်​ကြည်နူး​ရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

  • သင့်အတွက် ဘုရား အလိုတော်

    “ယေဟောဝါ ပြောတာက ‘မင်းတို့နဲ့​ပတ်သက်ပြီး ငါ​ဘာတွေ တွေး​နေမှန်း ငါ​သိတာပေါ့။ မင်းတို့ကို ငြိမ်သက်​အေးချမ်း​စေချင်တယ်။ ဘေးဆိုး မ​ကြုံ​စေချင်ဘူး။ မင်းတို့​မျှော်လင့်တဲ့ အနာဂတ်​မျိုး ပေးချင်တယ်။ မင်းတို့​က ငါ့ကို ခေါ်​ကြ​လိမ့်မယ်။ ငါ့ဆီ ဆုတောင်း​ကြ​လိမ့်မယ်။ ငါကလည်း မင်းတို့​ပြောတာကို နားထောင်​မယ်။’”—ယေရမိ ၂၉:၁၁၊ ၁၂

    “ဘုရားသခင်နဲ့ ရင်းနှီး​အောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီး​လာလိမ့်မယ်။”—ယာကုပ် ၄:၈