မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်လို့ ဘာသာအားလုံးနီးပါး ယုံကြည်ကြ

မျက်နှာဖုံး​အကြောင်းအရာ | လူသေ​ရင် ဘာဖြစ်​သွား​သလဲ

တမလွန်ဘဝရှိပါသလား

တမလွန်ဘဝရှိပါသလား

လူသေ​ရင် ဘာဖြစ်​သွားတယ်​ဆိုတာ​နဲ့ ပတ်သက်ပြီး ယူဆချက်​အမျိုးမျိုး ရှိ​ကြ​တယ်။ သေဆုံး​ပြီးတဲ့နောက် တစ်နေရာ​ရာမှာ ပုံစံ​တစ်မျိုး​နဲ့ ဆက်​အသက်ရှင်​မယ်၊ နောက်​တစ်​ဘဝကို ကူးပြောင်း​သွားမယ်​လို့ ယူဆကြတယ်။ သေခြင်း​ဟာ ဘဝ​ရဲ့ ထာဝရ​နိဂုံး​လို့ ယူဆ​သူတွေ​လည်း ရှိတယ်။

ဒီကိစ္စ​နဲ့​ပတ်သက်​လို့ သင့်ရဲ့ ကြီးပြင်းလာ​ပုံ၊ ယဉ်ကျေးမှု​နောက်ခံ​ပေါ် မူတည်ပြီး ကိုယ်ပိုင်​ယူဆချက် ရှိ​နိုင်တယ်။ သေ​တဲ့အခါ ဘာဖြစ်​သွားတယ်​ဆိုတာ​နဲ့ ပတ်သက်​လို့ ယူဆချက်​အမျိုးမျိုး ရှိတဲ့​အတွက် ယုံကြည်စိတ်ချ​ရတဲ့ အဖြေ​မှန်​ကို တစ်ယောက်ယောက်​ဆီက၊ တစ်နေ​ရာ​ရာ​ဆီက ရနိုင်​သလား။

လူမှာ မသေနိုင်​တဲ့​ဝိညာဉ် ရှိတယ်ဆိုတဲ့ အယူ​ကို ဘာသာရေးခေါင်းဆောင်​တွေ သင်ပေး​ခဲ့တာ နှစ်ပေါင်း​ရာနဲ့ချီ​ရှိပြီ။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး၊ မွတ်​စ​လင်​နဲ့ တခြား​ဘာသာဝင်​အားလုံးနီးပါး​က လူမှာ မသေနိုင်​တဲ့​ဝိညာဉ် ရှိတယ်၊ လူသေ​ပြီးနောက် ဝိညာဉ်ဘုံ​မှာ ဆက်​အသက်ရှင်​တယ်လို့ ယုံကြည်ကြတယ်။ ဗုဒ္ဓဘာသာ​ဝင်​တွေကျတော့ အကြိမ်ကြိမ် ဘဝ​ကူးပြောင်း​ပြီးနောက် ဒုက္ခ​အားလုံး ချုပ်ငြိမ်း​သွားမယ်​လို့ ယုံကြည်ကြတယ်။ အဲဒီ​အခြေအနေကို နိဗ္ဗာန်​လို့ ခေါ်တယ်။

အဲဒီ​သွန်သင်ချက်​တွေကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ လူအများစုက သေ​တယ်ဆိုတာ နောင်​ဘဝကို ကူးပြောင်း​သွားတာ​လို့ ယုံကြည်ကြတယ်။ ဒါကြောင့် သေခြင်း​ဆိုတာ ဘဝသံသရာ​မှာ အရေးကြီးတဲ့​အဆင့်​ပဲ၊ ဘုရားရဲ့​အလိုတော် ဖြစ်တယ်လို့ လူအများ ယူဆ​ကြတယ်။ ဒီကိစ္စ​နဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။ နောက်​ဆောင်းပါးကို ဖတ်ကြည့်ပါ။ ရလာ​တဲ့​အဖြေ​ကြောင့် သင် အံ့သြ​ရပါလိမ့်မယ်။