အမှတ်ရဖွယ်ည—ကြာသပတေးနေ့၊ မတ် ၂၄၊ ၂၀၀၅
အမှတ်ရဖွယ်ည—ကြာသပတေးနေ့၊ မတ် ၂၄၊ ၂၀၀၅
မိမိမသေဆုံးမီညတွင် ယေရှုခရစ်သည် မိမိ၏သေခြင်း အောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့သည်။ တမန်တော်များနှင့်အတူ ကျင်းပခဲ့သော ရိုးစင်းသည့် စားသောက်ပွဲတွင် အထိမ်းအမှတ်အဖြစ် စပျစ်ရည်နှင့်တဆေးမဲ့မုန့်ကို ကိုယ်တော်အသုံးပြုခဲ့ပြီး ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟု မိန့်မှာခဲ့သည်။—လုကာ ၂၂:၁၉။
ယေဟောဝါသက်သေများသည် ဤနှစ်စဉ်အောက်မေ့ရာပွဲကို အမှတ်ရကျင်းပရာတွင် သူတို့နှင့်အတူပါဝင်ရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။ ဤနှစ်တွင် သမ္မာကျမ်းစာပါ လပြက္ခဒိန်အရ နိသန်လ ၁၄ ရက်နှင့်ကိုက်ညီသောနေ့စွဲဖြစ်သည့် မတ်လ ၂၄ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက် ယင်းကို ကျင်းပမည်ဖြစ်ပါသည်။ ကျင်းပမည့်နေရာနှင့်အချိန်အတိအကျကို ဒေသခံယေဟောဝါသက်သေများထံတွင် ကျေးဇူးပြု၍စုံစမ်းပါ။