မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်​တို့၏​စာရှုသူ​များ​ထံ​မှ

အိမ်ထောင်​အစီအစဉ်သည် မုန်တိုင်း​ဒဏ်​ခံနိုင်​မည်​လော (ဇူလိုင် ၂၀၀၆) ကျွန်တော်​က နိုးလော့! မဂ္ဂဇင်း​ကို ပုံမှန်​ဖတ်ရှု​သူ​တစ်ဦး​ပါ။ ကျွန်တော်​ဟာ ကက်သလစ်​ဘာသာဝင်​တစ်ဦး ဖြစ်​ပေမဲ့ သင်တို့ရဲ့​မဂ္ဂဇင်းက သိပ်​စိတ်ဝင်စားစရာ​ကောင်းပြီး ပညာ​လည်း​ပေး​တယ်​ဆိုတာ တွေ့ရ​တယ်။ ဒါပေမဲ့ “၁၉၈၃ ခုနှစ်​တွင် ထို​ချာ့ခ်ျ​သည် လက်ထပ်​စာချုပ်​ပါ စည်းမျဉ်း​များ​ကို ပြင်​လိုက်​ရာ ကွာရှင်း​ရန် ပို​လွယ်ကူ​လာ​သည်” ဆို​တဲ့ သင်တို့ရဲ့​ဖော်ပြချက်​ကို ကျွန်တော်​သဘောမတူ​ဘူး။

ဂျေ.ဗွီ.အမ်.၊ ဇမ်ဘီယာ

“နိုးလော့!” ပြန်ကြားချက်– ၁၉၈၃ ခုနှစ်​မှ ကျင့်ဝတ်​ဥပဒေ​လုပ်ထုံး​အပြောင်းအလဲ​များ​ကို ကျွန်ုပ်​တို့​ရည်ညွှန်းခြင်း​ဖြစ်သည်။ ဤ​အပြောင်းအလဲ​၏ အကျိုး​သက်ရောက်မှု​သည် အထူးသဖြင့် အမေရိကန်​တွင် ပို​သိသာ​သည်။ ရိုမန်ကက်သလစ်​ဂိုဏ်းအုပ် မာ့ခ် အေ. ပီဗာရူနက်စ်​၏​အဆို​အရ ၁၉၆၈ ခုနှစ်​တွင် အမေရိကန်​၌ အိမ်ထောင်​ပြတ်စဲ​မှု ၃၃၈ ခု​ကို​သာ သဘောတူ​ခွင့်ပြု​ခဲ့​သည်။ သို့သော် ၁၉၉၀ ပြည့်နှစ်​တွင် ထို​အရေအတွက်​မှာ ၆၂,၈၂၄ သို့​တစ်ဟုန်ထိုး မြင့်တက်​သွား​သည်။ အဘယ်ကြောင့် ထိုသို့ မြင့်တက်​သွား​ရသနည်း။

ကျင့်ဝတ်​ဥပဒေ​ရှေ့နေ အက်​ဒ​ဝပ် ပီတာ​စ်​က ဤသို့​ပြော​သည်– “လွန်​ခဲ့​သည့် အနှစ် ၃၀ ကျော်​အတွင်း အချို့ ကျင့်ဝတ်​လုပ်ထုံး​လုပ်​နည်း​များ​မှာ အလွန်​ပင် ကြီးကြီးကျယ်ကျယ်​ပြောင်းလဲ​ခဲ့​သည်။ အပြောင်းအလဲ​များ​ကြောင့် အိမ်ထောင်​ပြတ်စဲ​ခွင့် လျှောက်ထား​ရန်​နှင့် ယင်း​လျှောက်ထား​ချက် အတည်ပြု​ခံရ​ရန်​တို့​မှာ ပို​၍​လွယ်ကူ​လာ​သည်။” ကျင့်ဝတ်​အပြောင်းအလဲ​များစွာကို ကိုးကား​၍ ပီတာ​စ်​က ဤသို့​ဆက်​ပြော​ခဲ့​သည်– “ကျင့်ဝတ်​လုပ်ထုံး​လုပ်​နည်း​ဥပဒေ​တွင် ရို​မ​န်​အပြောင်းအလဲ​တစ်ခုစီ​ကြောင့် အိမ်ထောင်​ပြတ်စဲ​ကြောင်း ကြေညာ​ခြင်း​များ အကြီးအကျယ်​တိုးများ​လာ​သည်ကို မငြင်းဆို​နိုင်​ချေ။” သူတို့၏​ရည်ရွယ်ချက် မည်သို့​ပင်​ရှိပါစေ ကျင့်ဝတ်​အပြောင်းအလဲ​များ​၏ တိုက်ရိုက်​အကျိုးဆက်​မှာ—အနည်းဆုံး​တော့ အမေရိကန်​နိုင်ငံ​တွင် —“နိုးလော့!” ဖော်ပြ​ခဲ့​သကဲ့သို့ “[ချာ့ခ်ျ] ကြောင့် ကွာရှင်း​ရန် ပို​၍​လွယ်ကူ​လာ​သည်။”

ဖန်ဆင်း​ရှင်​တစ်ပါး​ရှိ၏​လော (စက်တင်ဘာ ၂၀၀၆) ဒီ​အထူးထုတ် နိုးလော့! ဟာ အလွန်​ပဲ ကောင်းမွန်​လှပါတယ်။ တင်ပြ​ထား​တဲ့ ကျိုးကြောင်း​ဆင်ခြင်​ပုံ​တွေ​က ရိုးရှင်း​ပြီး ထိရောက်​တယ်။ ဆင်ခြင်တုံ​တရား​နဲ့​လည်း​ညီ​ပြီး ယုတ္တိ​ရှိ​လှပါတယ်။ မဂ္ဂဇင်း​တစ်အုပ်လုံး​က အဓိက​အကြောင်း​တစ်ခု​တည်း​ကိုပဲ ရှုထောင့်​အမျိုးမျိုး​ကနေ တင်ပြ​ထား​တဲ့​ပုံစံ​ကိုလည်း အလွန်​နှစ်သက်တယ်။

အေ. ဘီ.၊ စပိန်

ထူးခြား​ကောင်းမွန်​ပြီး ဆွဲဆောင်မှု​ရှိတဲ့ မဂ္ဂဇင်း​အတွက် ကျေးဇူး တင်​ပါ​တယ်။ ကျိုးကြောင်း​ဆင်ခြင်​နည်း​အမျိုးမျိုးနဲ့ ဥပမာ​အဖုံဖုံ​က ယေဟောဝါ​ကို ဂုဏ်တင်​ပါ​တယ်။ ကိုယ်တော်​ဟာ ဒီလို​နည်းနဲ့ ချီးမွမ်း ခံထိုက်​ပါ​တယ်။

အာရ်. ဘီ.၊ ဆွစ်ဇလန်

ဖန်ဆင်း​ခြင်း​ကို​ထောက်ခံ​တဲ့ ဆွဲဆောင်မှု​ရှိပြီး ရိုးရှင်း​လှတဲ့ အထောက်အထားတွေကို ကျွန်တော်​ယုံကြည်တယ်။ သိပ္ပံ​ပညာ​မှာ မရှိမဖြစ်​လိုအပ်​တဲ့ အသေးစိတ်​တိကျ​မှန်ကန်မှု​တွေ​ကို​သုံးပြီး အငြင်းမပွားဘဲ ဆင့်ကဲ​အယူဝါဒ​ရဲ့ လိမ်ညာမှု​တွေ​ကို ဖော်ထုတ် ခဲ့​တယ်။

အယ်​လ်. ဂျီ.၊ ပြင်သစ်

ရို​မာ—ဝမ်းသာ​ဝမ်းနည်း​ဖြစ်​ရသော အနှစ်​တစ်ထောင် (အောက်တိုဘာ ၂၀၀၆ [အင်္ဂလိပ်]) ရို​မာ​တွေ​ကို ကျွန်မ အမြဲ​ပဲ ချစ်ခင်​ကြင်နာ​တယ်။ ဝမ်းနည်းစရာက သူတို့ဟာ လူတွေရဲ့​မလိုမုန်းထား​စိတ်​ကြောင့် အမြဲ​ဆန့်ကျင်​ခံရ​တယ်။ သင်တို့ရဲ့​ဆောင်းပါး​က လူတွေ​အတွက် စဉ်းစားစရာ​ဖြစ်စေ​မယ်​ဆိုတာ သေချာ​ပါ​တယ်။ ယေဟောဝါ​ဟာ မျက်နှာမလိုက်​လို့ ကိုယ်တော့်​ကို ဝတ်ပြု​သူတွေရဲ့​အလယ်မှာ ရို​မာ​တွေ​ရှိနေတာကို သိရခြင်းက အလွန်​စိတ်သက်သာရာ ရစေပါ​တယ်။

ဘီ. ဘီ.၊ ပြင်သစ်

ကျွန်မ​တို့​က ရို​မာ​လူမျိုး​တွေ​ပါ။ ကျွန်မ​ရဲ့​အဖေက ယေဟောဝါ သက်သေ​တစ်ယောက်​မဟုတ်​သေး​လို့ သူ ဒါကို​သိပ်​မဖတ်​ချင်ဘူး။ ဒါပေမဲ့ ဒီ​မဂ္ဂဇင်း​ကို သူလို​ချင်​ခဲ့​ပြီး အခု သူ့​စားပွဲ​ပေါ်မှာ ဒီ​မဂ္ဂဇင်း​ကို​တင်ထား​တယ်။

အေ. ဂျီ.၊ ဖင်လန်