မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

မေရှိယ

မေရှိယ

မေရှိယဟာ မြေကြီးပေါ် ကြွလာမယ်၊ လူသားတွေရဲ့ ဖျားနာမှု၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းတရားကို ဖယ်ရှားပေးမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီမေရှိယဟာ ယေရှုခရစ်လား။

မေရှိယကို လူတွေ ဘယ်လို ခွဲခြားသိမြင်နိုင်ကြမလဲ။

သမ္မာကျမ်းစာကြိုဟောထားတဲ့အတိုင်း မေရှိယ ဒါမှမဟုတ် ခရစ်တော်ဟာ တာဝန်နှစ်ရပ်ကို ထမ်းဆောင်ပါလိမ့်မယ်။ * ပထမတာဝန်ကို လူသားအနေနဲ့ ထမ်းဆောင်မယ်။ ဒါကြောင့် မေရှိယက ဘယ်သူဖြစ်သလဲဆိုတာကို ကောင်းကောင်း ခွဲခြားသိမြင်နိုင်ဖို့ သူ့ဘဝအကြောင်းနဲ့ အမှုဆောင်ခြင်းအကြောင်းကို ကျမ်းစာမှာ ကြိုတင် ရေးသားဖော်ပြထားတယ်။ ကျမ်းစာမှာ ကြိုဟောထားတာအားလုံးလိုလိုက “ယေရှုအကြောင်း သက်သေခံ” တယ်။—ဗျာဒိတ် ၁၉:၁၀

ယေရှုဟာ လူသားအနေနဲ့ လုပ်ဆောင်ပေးခဲ့တာတွေကို တန်ခိုးကြီးကောင်းကင်တမန်တစ်ပါးအနေနဲ့ ကမ္ဘာချီအတိုင်းအတာအထိ ပြီးမြောက်အောင် လုပ်ဆောင်ပေးမယ်

သမ္မာကျမ်းစာပြောဆိုရာ

မေရှိယဟာ . . .

ယေရှုက ဒီမှာဖော်ပြထားတဲ့ ကြိုဟောချက်တွေထက်မက ပြည့်စုံစေခဲ့ပါတယ်။ ကိုယ်တော်က လူနာတွေကို ကုသပေးပြီး လူသေတွေကိုလည်း အသက်ပြန်ရှင်စေခဲ့ပါတယ်။ ဒီနည်းနဲ့ ယေရှုက မိမိဟာ မေရှိယဖြစ်ကြောင်း သက်သေပြရုံမက သမ္မာကျမ်းစာမှာပါတဲ့ကတိတော်တွေကို ယုံကြည်စိတ်ချနိုင်အောင် လုပ်ဆောင်ပေးခဲ့တယ်၊ ဘုရားသခင့်ကတိတော်တွေကို အနာဂတ်မှာ ကမ္ဘာချီအတိုင်းအတာနဲ့ အကောင်အထည်ဖော်ပါလိမ့်မယ်။ (လုကာ ၇:၂၁-၂၃; ဗျာဒိတ် ၂၁:၃၊ ၄) ယေရှုဟာ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားသခင်ရဲ့ “လက်ယာဘက်” မှာ ထိုင်ပြီး မေရှိယသခင်ရဲ့တာဝန်ကို ပြီးအောင် လုပ်ဆောင်ပေးဖို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၁၁၀:၁-၆

“မေရှိယအရှင်ကြွတော်မူသောအခါ ဤအရှင်ပြသည်ထက် ပိုမိုများပြားသော အံ့သြဖွယ် နိမိတ်လက္ခဏာများကို ပြတော်မူမည်လော။”ယောဟန် ၇:၃၁ခမ။

မေရှိယက တာဝန်တွေကို ဘယ်လို ပြီးစီးစေမလဲ။

မေရှိယဟာ ရောမလက်အောက်ကနေ အစ္စရေးလူမျိုးကို လွတ်မြောက်စေမယ်၊ အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်ပေးမယ်လို့ ယေရှုခေတ်က ဂျူးတွေ ထင်ခဲ့ကြတယ်။ (တမန်တော် ၁:၆) ဒါပေမဲ့ ယေရှုဟာ အခွင့်အာဏာရှိသမျှအပ်နှင်း ခံရတဲ့ တန်ခိုးကြီးကောင်းကင်တမန်တစ်ပါးအနေနဲ့ ကောင်းကင်ကနေ တာဝန်တွေကို ပြီးစီးအောင်လုပ်ဆောင်မယ်ဆိုတာ နောက်ပိုင်းကျမှ ဂျူးလူမျိုးတပည့်တွေ နားလည်ခဲ့ကြတယ်။—မဿဲ ၂၈:၁၈

သမ္မာကျမ်းစာပြောဆိုရာ

မေရှိယဟာ . . .

ယေရှုဟာ မေရှိယအဖြစ် ကြိုဟောထားတဲ့အတိုင်း ပထမတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒုတိယတာဝန်ကိုလည်း အကောင်အထည်ဖော်ပါတော့မယ်။ ယေရှုက “ငါသည် လမ်းခရီးလည်းဖြစ်၏။ အမှန်တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏” လို့ မိန့်ဆိုခဲ့တာကြောင့် ကိုယ်တော့်အကြောင်း အသေးစိတ် လေ့လာတာက ပညာရှိရာ ရောက်ပါတယ်။—ယောဟန် ၁၄:၆

‘မင်းကြီးရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေကြီးပွားလိမ့်မယ်။ လမင်းတည်နေသရွေ့ ငြိမ်သက်ခြင်းတိုးပွားလိမ့်မယ်။ မင်းကြီးကို လက်အောက်ခံတဲ့ပြည်သူပြည်သားတွေက မြေကြီးစွန်းအထိ ရှိလိမ့်မယ်။’—ဆာလံ ၇၂:၇၊ ၈ကဘ။

^ စာပိုဒ်၊ 5 “မေရှိယ” ဆိုတာက ဟီဘရူးစကားလုံးပါ။ “ခရစ်တော်” ကျတော့ ဂရိစကားကနေ ဆင်းသက်လာတယ်။—ယောဟန် ၁:၄၁

^ စာပိုဒ်၊ 7 ပထမရည်ညွှန်းထားတဲ့ ကျမ်းချက်က ကြိုဟောချက် ဖြစ်တယ်၊ ဒုတိယရည်ညွှန်းထားတဲ့ ကျမ်းချက်ကတော့ ပြည့်စုံချက် ဖြစ်တယ်။