နိုးလော့! မေ ၂၀၁၅ | အိုးမဲ့အိမ်မဲ့တွေနဲ့ နွမ်းပါးသူတွေအတွက် မျှော်လင့်ချက်

အိုးမဲ့အိမ်မဲ့တွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လက်ရှိအချိန်မှာ အကူအညီ ရနိုင်ပုံကို သမ္မာကျမ်းစာမှာ ဖော်ပြထားသလို အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဆင်းရဲနွမ်းပါးမှု ပျောက်ကွယ်သွားမယ့်အချိန် ရောက်လာတော့မယ်ဆိုတဲ့ အကြောင်းကိုပါ ဖော်ပြထားတယ်။

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အာရှတိုက်နဲ့ပတ်သက်ပြီး သတိပြုမိရာ

အာရှတိုက်မှာ ရှိတဲ့ နိုင်ငံတွေဟာ သူတို့နိုင်ငံသားတွေကို ပညာရေးနဲ့ ကာကွယ်ပေးတဲ့နေရာမှာ ဘာအခက်အခဲတွေ ကြုံနေရသလဲ။ ကျမ်းစာပါ ပညာရှိစကားတွေက အကူအညီ ပေးနိုင်သလား။

မျက်နှာဖုံး​အကြောင်းအရာ

အိုးမဲ့အိမ်မဲ့တွေနဲ့ နွမ်းပါးသူတွေအတွက် မျှော်လင့်ချက်

ကျမ်းစာပါ လက်တွေ့ကျ အကူအညီတွေက စီးပွားရေးမှာ အဆင်ပြေလာစေနိုင်သလို စိုးရိမ်ပူပန်တွေကိုလည်း လျော့နည်းစေနိုင်တယ်။

မိသားစုအတွက် အကူအညီ

​စကားနားထောင်လာအောင် ကလေးတွေကို သင်ပေးခြင်း

ကိုယ်နဲ့ ကိုယ့်ကလေးက တစ်ချိန်လုံးထိပ်တိုက်တွေ့နေပြီး ကိုယ့်ကလေးကပဲ အမြဲအနိုင်ရနေပုံ ရပါသလား။ သားသမီးတွေကို ပြုစုပျိုးထောင်နည်း ငါးနည်းက ကလေးတွေကို ကူညီပေးနိုင်တယ်။

“ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေတဲ့သူပါ”

၂၀၀၄ ခုနှစ်မှာ ဘက်စလန်ကျောင်းတိုက်ခိုက်ခံရတုန်းက ဓားစာခံ ဖြစ်ခဲ့ရတဲ့သူ သုံးယောက်က အဲဒီအဖြစ်ဆိုးကို ဘယ်လို​ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သလဲဆိုတာကို ရှင်းပြကြတယ်။

အတိတ်မှ ပုံရိပ်များ

အယ်လ် ကွာရီဇမီ

ရှစ်ရာစုက အာရပ်ပညာရှင်ကို “သင်္ချာနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သမျှမှာ အရေးအပါဆုံးဖြစ်”သူအဖြစ် ချီးကျူးဂုဏ်တင်ထားတယ်။

သမ္မာကျမ်းစာ​ရှုထောင့်

အကြမ်းဖက်မှု

အကြမ်းဖက်မှုကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ။ ကြမ်းတမ်းရမ်းကားသူတွေဟာ ပြောင်းလဲလာနိုင်ပါသလား။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ဟာဝိုင်ယီ ဘော့တေးလ် ပြည်ကြီးငါးရဲ့ အလင်းထုတ်လွှတ်နိုင်စွမ်း

ဒီသတ္တဝါလေးတွေဟာ ​သူတို့ကို တခြားသတ္တဝါတွေ မမြင်နိုင်အောင် ​ခန္ဓာကိုယ်ကနေ အလင်းထုတ်လွှတ်ပြီး ကိုယ်ယောင်ဖျောက်ကြတယ်။

နောက်ထပ် အွန်လိုင်းအင်္ဂါရပ်များ

နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ

သင်ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ်။

ကျေးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်

ကျေးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးတွေ သုံးပြီး ပြောတာဟာ ကောင်းတယ်ဆိုတာကို အောင်အောင် သိသွားတယ်။