ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
မိကျောင်းမေးရိုး
လက်ရှိ တိရစ္ဆာန်တွေထဲမှာ မိကျောင်းရဲ့ကိုက်ချက်က အပြင်းဆုံးဆိုတာကို လေ့လာတွေ့ရှိချက်တွေအရ သိရတယ်။ ဥပမာ၊ ဩစတြေးလျတိုက်ရဲ့ အနီးတစ်ဝိုက်မှာတွေ့ရတဲ့ ရေငန်မိကျောင်းဟာ ခြင်္သေ့ ဒါမှမဟုတ် ကျားတစ်ကောင်ရဲ့ကိုက်ချက်ထက် သုံးဆပိုပြင်းထန်တယ်။ ဒါပေမဲ့ မိကျောင်းရဲ့မေးရိုးက လူ့လက်ချောင်းထိပ်တွေထက် အာရုံခံစားလွယ်တယ်။ အရမ်းထူထဲတဲ့ မိကျောင်းသားရေနဲ့ ဖုံးထားတဲ့ မေးရိုးက အဲဒီလောက် အာရုံခံစားလွယ်တယ် ဆိုတာ ဟုတ်ပါ့မလား။
မိကျောင်းရဲ့မေးရိုးမှာ အာရုံခံအင်္ဂါ ထောင်နဲ့ချီရှိတယ်။ “မေးရိုးမှာရှိတဲ့ အပေါက်ကနေတစ်ဆင့် အာရုံခံစားနိုင်တာဖြစ်တယ်” လို့ အဲဒီအကြောင်းကို လေ့လာတဲ့ သုတေသီ ဒန်ကန် လိခ်ျက ပြောတယ်။ အဲဒါက မေးရိုးမှာရှိတဲ့ အာရုံကြောမျှင်တွေကို ကာကွယ်ပေးသလို အာရုံခံစားလွယ်စေတယ်။ ပြီးတော့ သူ့ရဲ့အာရုံခံနိုင်စွမ်းက ဘယ်လောက်ကောင်းသလဲဆိုရင် တချို့နေရာတွေမှာ ကိရိယာနဲ့တောင် တိုင်းတာလို့ မရနိုင်ဘူး။ ဒါကြောင့် မိကျောင်းဟာ ပါးစပ်ထဲမှာ အစာလား၊ အမှိုက်လားဆိုတာကို ခွဲခြားသိရှိနိုင်တယ်။ ဒါ့အပြင် မိကျောင်းမက သူ့ရဲ့သားပေါက်လေးကို ပါးစပ်ထဲထည့်ပြီး ခေါ်ဆောင်သွားတဲ့အခါ မတော်တဆ ကိုက်မိတာမျိုး မဖြစ်စေဘူး။ မိကျောင်းရဲ့မေးရိုးက အစွမ်းခွန်အားကြီးပေမဲ့ တစ်ချိန်တည်းမှာ အာရုံခံစားလွယ်တာဟာ တကယ့်ကို အံ့ဩစရာကောင်းလှတယ်။
သင်ဘယ်လိုထင်ပါသလဲ။ မိကျောင်းရဲ့မေးရိုးဟာ သူ့အလိုလိုဖြစ်လာတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။