သူတို့မြေ၊ သူတို့ဓလေ့ | နီကာရာဂွါ
နီကာရာဂွါသို့ အလည်တစ်ခေါက်
လူတွေက နီကာရာဂွါနိုင်ငံကို အင်းအိုင်တွေနဲ့ မီးတောင်တွေပေါများတဲ့နိုင်ငံလို့ ခေါ်ကြတယ်။ နီကာရာဂွါနိုင်ငံမှာရှိတဲ့ အိုင်ဟာ ဗဟိုအမေရိကမှာ အကြီးဆုံးအိုင်ကြီး ဖြစ်တာကြောင့် အဲဒီနိုင်ငံသားတွေက ဂုဏ်ယူကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအိုင်ကို ကိုစီဘိုကာလို့ ခေါ်ကြတယ်၊ ကိုစီဘိုကာဆိုတာက “ရေချိုပင်လယ်” လို့ အဓိပ္ပာယ်ရှိတယ်။ နီကာရာဂွါအိုင်ထဲမှာ ကျွန်းတွေရာနဲ့ချီ ရှိတယ်၊ ပြီးတော့ ငါးမန်း၊ ဓားရှည်နှုတ်သီးငါး၊ တာပွန်ငါးလိုမျိုး ပင်လယ်ငါးတွေရှိတဲ့ တစ်ခုတည်းသောရေချိုအိုင် ဖြစ်တယ်။
နီကာရာဂွါနိုင်ငံရှိ မော့စကီတို ကမ်းရိုးတန်းဟာ ဗဟိုအမေရိကရဲ့ အခေါင်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တယ်။ အကျယ် မိုင် ၄၀ ကျော်ရှိတဲ့ မော့စကီတို ကမ်းရိုးတန်းဟာ နိုင်ငံရဲ့ အရှေ့ဘက်ပိုင်းမှာ ရှိပြီး၊ ဟွန်ဒူးရပ်စ်နိုင်ငံအထိ ရှည်လျားတယ်။ ၁၆ ရာစုကျမှ ဥရောပတိုက်သားတွေ နီကာရာဂွါနိုင်ငံကို ရောက်လာတယ်။ အဲဒီမတိုင်ခင် ကတည်းက မီစကီတိုလို့ခေါ်တဲ့ မော့စကီတိုလူမျိုးဟာ ရှိနှင့်နေပြီး ဖြစ်တဲ့ အဓိက တိုင်းရင်းသားအုပ်စုတွေထဲက တစ်ခု ဖြစ်တယ်။
သူတို့ဟာ သွေးစည်းညီညွတ်ကြတယ်၊ ပြီးတော့ သူတို့မှာ ထူးခြားတဲ့ဓလေ့တွေလည်း ရှိတယ်။ ဥပမာ၊ ကျေးလက်တောရွာတွေမှာ၊ လူငယ်တွေက အသက်ကြီးသူတွေကို သူတို့နဲ့ ဆွေမျိုးမတော်ရင်တောင် မြန်မာနိုင်ငံမှာလိုပဲ “ဦးလေး၊” “အဒေါ်” ဆိုပြီး ခေါ်ဝေါ်လေ့ရှိတယ်။ ရှေးရိုးစွဲ မီစကီတို
အမျိုးသမီးတစ်ဦးဟာ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို ရင်းရင်းနှီးနှီး ပါးချင်းထိ၊ နှုတ်ဆက်ပြီး စနှုတ်ဆက်တဲ့အမျိုးသမီးက အရင်နမ်းတဲ့ဓလေ့ရှိတယ်။ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ မီစကီတို၊ မာယန်နာ ဘာသာစကားတွေနဲ့ စာပေ