မမေ့အပ်သောနေ့
မမေ့အပ်သောနေ့
ကိုယ်တော်မသေဆုံးမီညတွင်ယေရှုခရစ်သည် တဆေးမဲ့မုန့်တစ်လုံးနှင့် စပျစ်ဝိုင်တစ်ခွက်ကို တမန်တော်များအား ကမ်းပေး၍ သုံးဆောင်ရန် ညွှန်ကြားခဲ့သည်။ ကိုယ်တော်က “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူ၍လည်း မိန့်ဆိုခဲ့၏။—လုကာ ၂၂:၁၉။
ဤနှစ်တွင် ၎င်းအဖြစ်အပျက်၏ နှစ်ပတ်လည်နေ့သည် မတ်လ ၂၄ ရက်၊ ကြာသပတေးနေ့၊ နေဝင် ပြီးနောက်တွင် ကျရောက်သည်။ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများသည် ယေရှုမိန့်မှာခဲ့သောနည်းအတိုင်း အောက်မေ့ရာပွဲတော်ကိုကျင်းပရန် ဤအထူးညတွင် စုဝေးကြပါမည်။ သူတို့နှင့်အတူပါဝင်ရန် သင့်အား လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါသည်။ ဤအထူးအစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာအတိအကျကိုသိရှိရန် ဒေသခံယေဟောဝါသက်သေများထံတွင် ကျေးဇူးပြု၍စုံစမ်းပါ။