မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၅– မာရိသည် ဘုရားသခင့်မယ်တော်ဖြစ်

သွန်သင်ချက်အမှား ၅– မာရိသည် ဘုရားသခင့်မယ်တော်ဖြစ်

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

“နတ်ဘုရား ကိုးကွယ်သော လူထုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာသောအခါ . . . ဘုရားသခင့်မယ်တော် ကိုးကွယ်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်။ . . . ထိုသူတို့ [ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်လာသည့် အယူမှားသူများ] ၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ခံယူချက်သည် ‘ကြီးမြတ်သော မယ်တော်’ နတ်ဘုရားမနှင့် ‘မြင့်မြတ်သော အပျိုကညာ’ ကိုးကွယ်မှုတို့မှ ဆင်းသက်လာသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီ၍ ရှိခဲ့ပြီ။”—ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် (၁၉၈၈)၊ အတွဲ ၁၆၊ စာမျက်နှာ ၃၂၆ နှင့် ၃၂၇။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

‘သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှု အမည်ဖြင့် မှည့်ရမည်။ ထိုသားသည်ကား ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ . . . ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။’—စာလုံးစောင်းထား။ လုကာ ၁:၃၁-၃၅သမ္မာကျမ်း။

မာရိသည် ဘုရားသခင်၏ မိခင် မဟုတ်ဘဲ “ဘုရားသခင်၏ သားတော်” ကို မွေးဖွားသည့်မိခင် ဖြစ်ကြောင်း အဆိုပါကျမ်းချက်က ရှင်းလင်းစွာ ဆိုသည်။ သူသည် ‘အမြင့်ဆုံးသော ကောင်းကင်တွင် မဆံ့မခံနိုင်’ သည့် အရှင်အား ဝမ်းနှင့်လွယ်ထားနိုင်ပါမည်လော။ (၃ ဓမ္မရာဇဝင် ၈:၂၇) ထိုသို့ သူတစ်ခါမျှ မဆိုခဲ့ချေ။ မာရိ မည်သူဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ ရှုပ်ထွေးလာရခြင်းမှာ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်ကြောင့်ပင် ဖြစ်သည်။ အေဒီ ၄၃၁ ၌ကျင်းပခဲ့သော ဧဖက်ကောင်စီ အစည်းအဝေးက မာရိသည် သီအိုတိုကော့စ် (“ဘုရားသခင်ကို မွေးဖွားသူ” ဟူ၍ အဓိပ္ပာယ်ရှိသော ဂရိစကားလုံး) သို့မဟုတ် “ဘုရားသခင့် မယ်တော်” ဖြစ်သည်ဟု ကြေညာပြီး မာရိကိုးကွယ်မှုကို အစဖော်ပေးလိုက်သည်။ ထိုကောင်စီ ကျင်းပရာ နေရာဖြစ်သော ဧဖက်မြို့သည် မျိုးပွားနတ်ဘုရားမ အာတေမိကို ကိုးကွယ်ဂုဏ်ပြုသည့် အဓိကနေရာ ဖြစ်ခဲ့သည်မှာ ရာစုနှစ်ချီ၍ ရှိခဲ့ပြီ။

“ကောင်းကင်ဘုံမှ ကျလာ” သော အာတေမိ နတ်ဘုရားမကို ကိုးကွယ်သည့် အသွင်အပြင်များတွင် စီတန်းလှည့်လည်ခြင်းလည်း ပါဝင်ပြီး ထိုအသွင်အပြင်များစွာကို မာရိကိုးကွယ်မှုနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ (တမန်တော် ၁၉:၃၅ခမ) ဤသို့ဖြင့် ခရစ်ယာန်သွန်သင်ချက်ထဲ တဖြည်းဖြည်းဝင်လာသော နောက်အစဉ်အလာတစ်ခုမှာ ဝတ်ပြုရေးတွင် မာရိနှင့် အခြားသူများ၏ . . . ပုံကို အသုံးပြုခြင်း ဖြစ်သည်။

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– မဿဲ ၁၃:၅၃-၅၆သမ္မာကျမ်း။ မာကု ၃:၃၁-၃၅သမ္မာကျမ်း။ လုကာ ၁၁:၂၇၊ ၂၈သမ္မာကျမ်း

အမှန်တရား–

မာရိသည် ဘုရားသခင်၏မိခင် မဟုတ်ဘဲ ဘုရားသခင့် သားတော်၏မိခင် ဖြစ်သည်။ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်အမှားသည် ဘုရားသခင့်မယ်တော်အဖြစ် မာရိကိုးကွယ်မှုကို အစပြုပေးခဲ့