မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ယေရှုကို ဘုရားသခင်ရဲ့ သားတော်လို့ ဘာကြောင့် ခေါ်ဆိုတာလဲ

ဘုရားသခင်ဟာ သားသမီးတွေ မွေးဖွားဖို့ ပကတိဇနီး ရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သက်ရှိအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့လို့ပါပဲ။ လူသားတွေဟာ ဘုရားသခင်ရဲ့ အရည်အသွေးတွေကို တုပနိုင်တဲ့အစွမ်းနဲ့ ဖန်ဆင်းခံခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ ပထမဆုံးလူသား အာဒံကို “ဘုရားသခင်၏သား” လို့ခေါ်ဆိုခဲ့တယ်။ အဲဒီလိုပါပဲ၊ ယေရှုကိုလည်း “ဘုရားသခင်၏သားတော်” လို့ခေါ်ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခမည်းတော်မှာရှိတဲ့ အရည်အသွေးတွေနဲ့ ဖန်ဆင်းခံထားရလို့ပါပဲ။—လုကာ ၃:၃၈; ယောဟန် ၁:၁၄၊ ၄၉ တို့ကိုဖတ်ပါ။

ယေရှုကို ဘယ်အချိန်မှာ ဖန်ဆင်းခဲ့တာလဲ

အာဒံမတိုင်ခင် ယေရှုကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ဘုရားသခင်ဟာ ယေရှုကို ဖန်ဆင်းပြီးတဲ့နောက် ယေရှုအားဖြင့် ကောင်းကင်တမန်အပါအဝင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ယေရှုကို ဘုရားသခင် “ဖန်ဆင်းရာအပေါင်းတို့တွင် သားဦး” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားရခြင်းဖြစ်တယ်။—ကောလောသဲ ၁:၁၅၊ ၁၆ ကိုဖတ်ပါ။

ဘက်သလီဟင်မြို့မှာ ယေရှု မမွေးဖွားခင် ကောင်းကင်တမန်အဖြစ် ကောင်းကင်မှာ နေထိုင်ခဲ့ပါတယ်။ အချိန်တန်တဲ့အခါ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဖို့ ယေရှုရဲ့အသက်ကို ကောင်းကင်ကနေ မာရိရဲ့ဝမ်းထဲကို ဘုရားသခင် ပြောင်းရွှေ့ပေးခဲ့တယ်။—လုကာ ၁:၃၀-၃၂; ယောဟန် ၆:၃၈; ၈:၂၃ တို့ကိုဖတ်ပါ။

ယေရှုကို ဘုရားသခင် ဘာကြောင့် လူသားတစ်ဦးအဖြစ် မြေကြီးပေါ်မှာ မွေးဖွားစေခဲ့တာလဲ။ အရေးကြီးတဲ့ ဘယ်အပိုင်းကို ယေရှု ပြည့်စုံစေခဲ့သလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ကျမ်းစာမှာ တွေ့နိုင်ပါတယ်။ အဲဒီအဖြေတွေကြောင့် သင့်အတွက် ဘုရားသခင်နဲ့ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေကို သိနားလည်ပြီး ကျေးဇူးတင်လေးမြတ်စိတ် တဖွားဖွား ဖြစ်ပေါ်လာပါလိမ့်မယ်။