မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်စိတ်ချနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်းရှိသလား

ယုံကြည်စိတ်ချနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်းရှိသလား

သင်ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုခုကို စိတ်ပျက်သွားပြီဆိုရင် တခြားဘာသာရေးအဖွဲ့အစည်းတွေကိုလည်း ယုံကြည်စိတ်ချဖို့ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ သင် ယုံကြည်စိတ်ချနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခု ရှိပါတယ်။ ယေရှု ကမ္ဘာပေါ်လာတုန်းက သစ္စာရှိနောက်လိုက်တွေကို ဘုရားသခင်ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ သွန်သင်ပေးခဲ့တယ်။ ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေဟာ ဒီနေ့ထိ ရှိနေသေးတယ်။ သူတို့ဟာ ခရစ်ယာန်စံနှုန်းတွေကို ဘဝအသက်တာမှာ ကျင့်သုံးဖို့ အလွန်ဂရုစိုက်တဲ့သူတွေဖြစ်တယ်။ သူတို့ကို ဘယ်မှာ တွေ့နိုင်ပါသလဲ။

ဒုတိယဆောင်းပါးတွဲမှာ ဖော်ပြထားတဲ့ အက်စတဲလ်က ဒီလိုပြောပြတယ်– “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါမှာ ကျမ်းစာအကြောင်း ကျွန်မ သိရှိလာခဲ့တယ်။ ‘အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်’ ဆိုတဲ့ ယောဟန် ၈:၃၂ မှာဖော်ပြထားတဲ့အချက်ကို သိပ်မကြာခင်မှာပဲ သဘောပေါက်လာခဲ့တယ်။”

တတိယဆောင်းပါးတွဲမှာ ဖော်ပြထားတဲ့ ရေးက ဒီလိုပြောပြတယ်– “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ လူသားတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ ဘုရားသခင်ကြောင့် မဟုတ်ဘူးဆိုတာ ကျွန်တော် သိလာတယ်။ အခုအချိန်မှာ ဆိုးသွမ်းမှုတွေကို အကြောင်းကောင်းရှိလို့ ဘုရားသခင် ခွင့်ပြုထားပေမဲ့ မကြာခင်မှာ အဲဒီဆိုးသွမ်းမှုတွေကို ပယ်ဖျက်ပေးတော့မယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကို သိရှိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

လူအများစုမှာ ကိုယ်ကျင့်တရားစံနှုန်းတွေ မရှိတဲ့အတွက် မှန်ရာကိုလုပ်ဖို့ အခက်တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ မှန်ရာကို လုပ်ဆောင်နိုင်ပါတယ်။ သမ္မာကျမ်းစာကို နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်အောင် ကူညီပေးချင်တဲ့သူတွေ အများကြီးရှိပါတယ်။ ယေဟောဝါသက်သေတွေဟာ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသောသူတွေကို ကျမ်းစာသင်ပေးနေကြပါတယ်။ အပတ်စဉ်၊ လူများစွာဟာ ကျမ်းစာအမှန်တကယ် သွန်သင်ရာကို သိရှိလာကြတယ်။ ဒါကြောင့် သူတို့ဟာ ဖန်ဆင်းရှင် ဘုရားသခင်နဲ့ ရင်းနှီးလာပြီး သာယာချမ်းမြေ့တဲ့ဘဝကို တည်ဆောက်နေကြပါတယ်။ *

ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ဘာသာရေးအဖွဲ့အစည်းကို ဘာကြောင့် ယုံကြည်စိတ်ချတာလဲ ဆိုတာ မေးကြည့်ပါ

ယေဟောဝါသက်သေတွေနဲ့ နောက်တစ်ခါ တွေ့ဆုံတဲ့အခါ သူတို့ရဲ့ဘာသာရေးအဖွဲ့အစည်းကို ဘာကြောင့် ယုံကြည်စိတ်ချတာလဲဆိုတာ မေးကြည့်ပါ။ သူတို့ရဲ့သွန်သင်ချက်တွေနဲ့ လုပ်ဆောင်ပုံတွေကို ဆန်းစစ်ကြည့်ပါ။ အဲဒီနောက် သင် ယုံကြည်စိတ်ချနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်းရှိမရှိဆိုတာကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။

^ စာပိုဒ်၊ 5 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကို ဖတ်ကြည့်ပါ။