မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်”

“မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်”

ယေဟောဝါဘုရားက မိမိစိတ်တော်နဲ့တွေ့ဖို့ ကြိုးစားနေတဲ့သူတွေရဲ့ လုပ်ဆောင်မှုကို တန်ဖိုးထားပါသလား။ တန်ဖိုးမထားဘူးလို့ တချို့က ပြောကောင်းပြောကြမယ်။ တချို့က ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးလို့လည်း ဆင်ခြေပေးကြမယ်။ ဒီလိုပြောဆိုချက်တွေက ဘုရားအပေါ် အကြီးအကျယ် အထင်မှားစေတယ်။ ဘုရားသခင်ရဲ့ တရားစကားတော်ဖြစ်တဲ့ သမ္မာကျမ်းစာမှာ အဖြစ်မှန်ကို ရေးသားထားပါတယ်။ ယေဟောဝါဘုရားက မိမိကိုယုံကြည်ပြီး ဝတ်ပြုတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတယ်လို့ သမ္မာကျမ်းစာမှာ အာမခံထားပါတယ်။ သမ္မာကျမ်းစာမှာ တမန်တော်ပေါလု ရေးသားထားတဲ့ စကားကို သုံးသပ်ကြည့်ပါ။—ဟေဗြဲ ၁၁:၆ ကိုဖတ်ပါ။

ယေဟောဝါဘုရားရဲ့ စိတ်တော်နဲ့ တွေ့ဖို့ ဘာလိုအပ်သလဲ။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့် မတွေ့နိုင်” ဘူးလို့ ပေါလုရေးခဲ့တယ်။ ဒီမှာ ပေါလုက ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ ခက်ခဲတယ်လို့ မပြောဘဲ ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူးလို့ ပြောနေတယ်။ နောက်တစ်နည်းပြောရရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ ယုံကြည်ခြင်း မရှိမဖြစ်လိုအပ်တယ်။

ယေဟောဝါဘုရားက ဘယ်လိုယုံကြည်ခြင်းမျိုးကို နှစ်သက်ပါသလဲ။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်တယ်လို့ပြောတဲ့အခါ အပိုင်းနှစ်ပိုင်း ပါဝင်တယ်။ ပထမ၊ “ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရ” မယ်။ ဘုရားသခင် တကယ်ရှိမရှိ ဆိုတာကို ဇဝေဇဝါဖြစ်နေရင် ဘုရားသခင် နှစ်သက်မှုရဖို့ ဖြစ်နိုင်ပါ့မလား။ စစ်မှန်တဲ့ယုံကြည်ခြင်းမှာ ဘုရားသခင် ရှိကြောင်းကို ယုံတာထက်မက ပါဝင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးတွေတောင်မှ ယေဟောဝါဘုရား တည်ရှိတယ်ဆိုတာကို ယုံကြည်ကြလို့ပါပဲ။ (ယာကုပ် ၂:၁၉) ဘုရားသခင် တကယ်ရှိတာကို ကျွန်ုပ်တို့ တကယ်ယုံမယ်ဆိုရင် လုပ်ရပ်နဲ့ သက်သေပြပါလိမ့်မယ်။ ဆိုလိုတာက ဘုရားသခင် နှစ်သက်တဲ့ ဘဝလမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ခြင်း ဖြစ်တယ်။—ယာကုပ် ၂:၂၀၊ ၂၆

ဒုတိယ၊ ဘုရားသခင်ဟာ “ဆုချသောအရှင်” ဖြစ်တယ်ဆိုတာကို “ယုံကြည်ရ” မယ်။ စစ်မှန်တဲ့ယုံကြည်ခြင်းရှိသူက ဘုရားသခင်ကြိုက်နှစ်သက်တဲ့ ဘဝလမ်းစဉ်အတိုင်း အသက်ရှင်ဖို့ ကြိုးစားတာဟာ သဲထဲရေသွန်သလို အလကားဖြစ်မသွားဘူးဆိုတာ အခိုင်အမာ ယုံကြည်တယ်။ (၁ ကောရိန္သု ၁၅:၅၈) ဘုရားသခင်ဆီမှာ ဆုချပေးနိုင်စွမ်းရှိတယ် ဒါမှမဟုတ် ဆုချပေးချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာကို သံသယဝင်နေရင် ဘုရားသခင့်စိတ်တော်နဲ့ ဘယ်လိုတွေ့နိုင်ပါ့မလဲ။ (ယာကုပ် ၁:၁၇; ၁ ပေတရု ၅:၇) ဘုရားသခင်က လူတွေကို ဂရုမစိုက်ဘူး၊ တန်ဖိုးမထားဘူး၊ တွန့်တိုတယ်လို့ ယူဆတဲ့သူဟာ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်း တကယ်သိတာ မဟုတ်ဘူး။

ယေဟောဝါဘုရားက ဘယ်သူတွေကို ဆုချသလဲ။ “မိမိ [ဘုရားသခင်] အား စိတ်ထက်သန်စွာ ရှာဖွေသူ” တွေကို ဆုချတယ်လို့ ပေါလု ရေးသားခဲ့တယ်။ “ထက်သန်စွာရှာဖွေ” ဆိုတဲ့ ဂရိစကားလုံးဟာ ဘုရားသခင်အကြောင်း ကြိုးစားသင်ယူရုံလောက်ပဲ မဟုတ်ပါဘူး၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ကြိုးစားအားထုတ်တာကို ဆိုလိုနေတာဖြစ်တယ်လို့ ကျမ်းစာဘာသာပြန်သူတွေအတွက် အကိုးအကားစာအုပ်မှာ ဖော်ပြထားတယ်။ အကိုးအကားစာအုပ် နောက်တစ်အုပ်မှာ “ရှာဖွေ” ဆိုတဲ့ ဂရိကြိယာက အားစိုက်ပြီး အပတ်တကုတ် ကြိုးစားတာကို ပြောတာဖြစ်တယ်လို့ ရှင်းပြထားတယ်။ ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့နဲ့ မိမိကိုချစ်ပြီး ဇွဲရှိရှိ ဝတ်ပြုနေတဲ့ ယုံကြည်ခြင်းရှိသူတွေကို ဆုချပါတယ်။—မဿဲ ၂၂:၃၇

ဘုရားသခင်ဆီမှာ ဆုချပေးနိုင်စွမ်းရှိတယ် ဒါမှမဟုတ် ဆုချပေးချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာကို သံသယဝင်နေရင် ဘုရားသခင့်စိတ်တော်နဲ့ ဘယ်လိုတွေ့ နိုင်ပါ့မလဲ

ယေဟောဝါဘုရားက မိမိကို ယုံယုံကြည်ကြည်နဲ့ ဝတ်ပြုသူတွေကို ဘယ်လိုဆုချပါသလဲ။ သူတို့ကို ဧဒင်ဥယျာဉ်လိုမျိုး သာယာလှပတဲ့ ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်နိုင်မယ့် ဆုကြီးကို အနာဂတ်မှာ ပေးမယ်လို့ ကတိပေးထားပါတယ်။ အဲဒီအနှိုင်းမဲ့ဆုဟာ ကိုယ်တော်ရဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ရက်ရောမှုကို ဖော်ပြနေပါတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) အခုချိန်မှာတောင် ယေဟောဝါဘုရားကို စိတ်ထက်သန်စွာ ရှာဖွေတဲ့သူတွေဟာ ကောင်းချီးများစွာကို ခံစားနေရကြပါတယ်။ သူတို့ဟာ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီကိုရယူပြီး သမ္မာကျမ်းစာမှာပါတဲ့ ဉာဏ်ပညာကို ကျင့်သုံးနေကြတယ်။ အဲဒီအတွက် ပျော်ရွှင်ပြီး ကျေနပ်အားရစရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နေကြတယ်။—ဆာလံ ၁၄၄:၁၅; မဿဲ ၅:၃

ယေဟောဝါဘုရားက မိမိရဲ့အမှုတော်မှာ အချိန်၊ ခွန်အားတွေပေးပြီး ဝတ်ပြုနေသူတွေကို တန်ဖိုးထားပါတယ်။ အဲဒီအချက်ကို သိရတဲ့အတွက် ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးချင်တယ် မဟုတ်ဘူးလား။ ဒါဆိုရင် ဘုရားသခင်ဆီက ကြွယ်ဝစွာ ဆုရနိုင်ဖို့ ကိုယ်တော်နှစ်သက်တဲ့ ယုံကြည်ခြင်းမျိုးကို ဘယ်လိုပျိုးထောင်ပြီး ဖော်ပြနိုင်မလဲဆိုတာကို သင်ယူကြည့်ပါ။

နိုဝင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

တိတု ၁ယာကုပ် ၅