မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျွန်ုပ်တို့ ဘာကြောင့် ဆုတောင်းသင့်သလဲ

ယေဟောဝါဘုရားက ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရင်ထဲရှိတဲ့အတိုင်း အကုန်ပြောပြစေချင်တယ်။ (လုကာ ၁၈:၁-၇) ကျွန်ုပ်တို့ကို ဂရုစိုက်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံကို ကိုယ်တော် နားထောင်ပေးတယ်။ ကောင်းကင်ခမည်းတော်ကိုယ်တိုင်က ဆုတောင်းဖို့ ရင်းရင်းနှီးနှီး ဖိတ်ခေါ်ထားတာကို ဘာလို့လက်မခံရမှာလဲ။—ဖိလိပ္ပိ ၄:၆ ကိုဖတ်ပါ။

ဆုတောင်းတယ်ဆိုတာ လိုချင်တဲ့ဆုကို တောင်းရုံလောက်ပဲ မဟုတ်ပါဘူး။ ဆုတောင်းတာက ဘုရားသခင်ကို စကားပြောတာဖြစ်လို့ ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးလာစေတယ်။ (ဆာလံ ၈:၃၊ ၄) ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကို ဘုရားသခင်ဆီ ပုံမှန်ဆုတောင်းပြောပြမယ်ဆိုရင် ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးလာမှာဖြစ်တယ်။—ယာကုပ် ၄:၈ ကိုဖတ်ပါ။

ကျွန်ုပ်တို့ ဘယ်လိုဆုတောင်းသင့်သလဲ

ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ စကားကြီး စကားကျယ်တွေသုံးတာ၊ အလွတ်ကျက်ပြီး ရွတ်နေတာမျိုးကို ဘုရားသခင် မလိုချင်ဘူး။ အထူးကိုယ်ဟန်အနေအထားမျိုးနဲ့ ဆုတောင်းရမယ်လို့လည်း ကိုယ်တော် မတောင်းဆိုဘူး။ စိတ်နှလုံးထဲကလာတဲ့အတိုင်း ဆုတောင်းတာကိုပဲ ယေဟောဝါဘုရား လိုချင်တယ်။ (မဿဲ ၆:၇) ဥပမာ၊ ရှေးအစ္စရေးအချိန်တုန်းက ဟန္နလို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ရဲ့ ပူပန်စရာ မိသားစုပြဿနာကို ဘုရားသခင်ဆီ ဆုတောင်းပြောပြခဲ့တယ်။ နောက်ပိုင်း ပူပန်စရာပျောက်သွားပြီး ပျော်ရွှင်စရာကြုံရတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁:၁၀၊ ၁၂၊ ၁၃၊ ၂၆၊ ၂၇; ၂:၁ တို့ကို ဖတ်ပါ။

ဆုတောင်းခြင်းဟာ ကျွန်ုပ်တို့ရထားတဲ့ အခွင့်ထူးကြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိုးရိမ်ပူပန်တာတွေကို ဘုရားသခင်ဆီ ဆုတောင်းပြီး ရင်ဖွင့်ပြောပြနိုင်တယ်။ ကိုယ်တော်ပြုလုပ်ပေးထားရာတွေအတွက် ကိုယ်တော့်ကို ချီးမွမ်းပြီး ကျေးဇူးတင်ကြောင်း ပြောပြနိုင်တယ်။ ဒါကြောင့် ဆုတောင်းရတဲ့ အခွင့်ထူးကြီးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။—ဆာလံ ၁၄၅:၁၄–၁၆ ကိုဖတ်ပါ။

နောက်ထပ်ကျမ်းစာမေးခွန်းတွေရဲ့အဖြေကို အင်တာနက်မှာ ဖတ်ကြည့်ပါ