မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စာတန်မာရ်နတ် တကယ်ရှိသလား

စာတန်မာရ်နတ်ဆိုတာ တကယ်ရှိသလား

စာတန်မာရ်နတ်ဆိုတာ တကယ်ရှိသလား

စာတန်ကို ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ အကျင့်ပျက် ကောင်းကင်တမန်တစ်ပါးအနေနဲ့ ပုံဖော်ထားတဲ့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က ရုပ်တု

“ငယ်ငယ်တုန်းက အမေ့စကား နားမထောင်ဘူးဆိုရင် ‘မာရ်နတ် နင့်ကို လာဖမ်းလိမ့်မယ်’ လို့ အမေပြောတဲ့အခါ ‘လာပါစေ၊ မကြောက်ဘူး’ လို့ ကျွန်တော် ပြန်ပြောတတ်တယ်။ ကျွန်တော် ဘုရားကိုယုံတယ်။ စာတန်မာရ်နတ်ကိုမယုံဘူး။”​—ရိုခေလ်ယို၊ အယ်လ်ဆာဗေးဒေါနိုင်ငံ။

ရိုခေလ်ယို ပြောတာကို သင် သဘောတူသလား။ အောက်မှာပါတဲ့ ယူဆချက်တွေထဲက ဘယ်အချက်ကို သင် လက်ခံသလဲ။

  • စာတန်မာရ်နတ်ဆိုတာ သက်ရှိပုဂ္ဂိုလ်မဟုတ်ဘူး။ ဆိုးညစ်တဲ့ စိတ်နဲ့လုပ်ရပ်ပဲ။

  • စာတန်မာရ်နတ်ရှိပေမဲ့ လူတွေကို စိတ်မဝင်စားဘူး။

  • စာတန်မာရ်နတ်ဆိုတာ လူတွေကို ကြိုးကိုင်ခြယ်လှယ်ပြီး စေလိုရာစေတတ်တဲ့ တန်ခိုးကြီး နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တယ်။

ဒီယူဆချက် တစ်ခုစီကို ထောက်ခံတဲ့သူ သန်းနဲ့ချီပြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ယူဆချက်က မှန်တယ်ဆိုတာသိဖို့ အရေးကြီးသလား။ အရေးကြီးပါတယ်။ စာတန် မရှိဘူးဆိုရင် ရှိပါတယ်လို့ လက်ခံထားသူတွေက လှည့်စားခံလိုက်ရတာပဲ။ စာတန်မာရ်နတ်ရှိပေမဲ့ လူတွေကို စိတ်မဝင်စားဘူးဆိုရင် လူတော်တော်များများက ဘာဖြစ်လို့ သူ့ကို အကြောင်းမဲ့ ကြောက်ရွံ့နေကြတာလဲ။ တကယ်လို့ စာတန်က နောက်ကွယ်ကနေ ကြိုးကိုင်ပြီး လှည့်စားတတ်သူဖြစ်မယ်ဆိုရင် လူတွေထင်တာထက် ပိုပြီး အန္တရာယ်ရှိနေပါပြီ။

စာတန်ဆိုတာ ဆိုးညစ်မှုရဲ့အမှတ်အသားလား ဒါမှမဟုတ် တကယ်ရှိတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တစ်ပါးလား။ သူတကယ်ရှိတယ်ဆိုရင် သင့်ကို ဒုက္ခပေးနိုင်သလား။ ပေးနိုင်တယ်ဆိုရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်နိုင်မလဲ စတဲ့မေးခွန်းတွေကို ကျမ်းစာကနေ အဖြေရှာကြည့်ကြရအောင်။