ဆာလံ ၂၂:၁-၃၁

  • စိတ်ပျက်ရာကနေ ချီးမွမ်းခြင်းသို့

    • “ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့စွန့်ပစ်တာလဲ” ()

    • “အင်္ကျီကိုလည်း မဲချယူကြ” (၁၈)

    • လူစုလူဝေးအလယ်မှာ ဘုရားကို ချီးမွမ်း (၂၂၂၅)

    • မြေတစ်ခွင်လုံး ဘုရားကိုကိုးကွယ်ကြ (၂၇)

ဂီတမှူးသို့။ “အရုဏ်ဦးရဲ့သမင်မ”* တေးသွားအတိုင်း သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၂၂  ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ။+ ဘာလို့ မကယ်တာလဲ။ ကျွန်တော် ညည်းတွားအော်ဟစ်တာကို ဘာလို့ မကြားတာလဲ။+  ၂  ကျွန်တော့်ဘုရားသခင်၊ နေ့ဘက်မှာ တဖွဖွခေါ်ပေမဲ့ ကိုယ်တော် ပြန်မထူးဘူး။+ ညဘက်မှာလည်း နှုတ်ဆိတ်မနေဘဲ ခေါ်နေပါတယ်။ ၃  ကိုယ်တော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။+ အစ္စရေးတို့ရဲ့ ချီးမွမ်းခြင်းတွေ ကိုယ်တော့်ကို ဝိုင်းရံနေတယ်။ ၄  ဘိုးဘေးတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားခဲ့တယ်။+ အဲဒီလိုယုံကြည်ကိုးစားလို့ ကိုယ်တော် အမြဲကယ်တင်ခဲ့တယ်။+ ၅  ကိုယ်တော့်ကို အော်ဟစ်အကူအညီတောင်းလို့ သူတို့ ကယ်တင်ခံရတယ်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားလို့ သူတို့ စိတ်မပျက်ခဲ့ရဘူး။+ ၆  ကျွန်တော်ဟာ လူမဟုတ်ပါဘူး၊ တီကောင်ပါ။ လူတွေ အထင်သေးတာ၊ ရွံရှာတာကို ခံနေရပါတယ်။+ ၇  မြင်သူတိုင်း ကျွန်တော့်ကို သရော်ကြတယ်။+ နှာခေါင်းရှုံ့ ပြီး လှောင်ပြောင်တဲ့အနေနဲ့ ခေါင်းကို ခါကြတယ်။+ ၈  “ယေဟောဝါဆီ သူ ပုံအပ်ထားတာပဲ။ ဘုရားပဲ ကယ်ပါစေ။ ဘုရားက သူ့ကို သိပ်ချစ်တာဆိုတော့ ဘုရားကပဲ ကယ်ပါစေပေါ့” လို့ သရော်ကြတယ်။+ ၉  ကိုယ်တော်က ကျွန်တော့်ကို အမေ့ဝမ်းထဲကနေ ခေါ်ထုတ်ပြီး+အမေ့ရင်ခွင်မှာ ဘေးကင်းလုံခြုံစေတယ်။ ၁၀  ကျွန်တော်ဟာ မွေးကတည်းက ကိုယ်တော်ဂရုစိုက်တာ ခံခဲ့ရသူပါ။ အမေ့ဝမ်းထဲမှာ ရှိကတည်းက ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ ၁၁  ကျွန်တော် ဒုက္ခရောက်တော့မှာမို့လို့ ဝေးဝေးမနေပါနဲ့။+ ကျွန်တော့်ကို ကူညီမယ့်သူ တစ်ယောက်မှ မရှိဘူး။+ ၁၂  နွားပေါက်အများကြီးက ကျွန်တော့်ကို ဝိုင်းထားတယ်။+ သန်မာတဲ့ ဗာရှန်နွားတွေလည်း ပတ်လည်မှာ ရှိနေတယ်။+ ၁၃  ကျွန်တော့်ကို ရန်မူဖို့ ပါးစပ်ကို အကျယ်ကြီး ဟထားကြတယ်။+ သားကောင်ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး ဟိန်းဟောက်နေတဲ့ ခြင်္သေ့လိုပါပဲ။+ ၁၄  ကျွန်တော်ဟာ ရေလို သွန်ချခံနေရပြီ။ အရိုးအဆစ်တွေ လွဲကုန်ပြီ။ နှလုံးသားကလည်းပျားဖယောင်းလို+ အရည်ပျော်ကုန်ပြီ။+ ၁၅  အားအင်ကုန်ခန်းပြီး အိုးခြမ်းပဲ့လို ဖြစ်နေပြီ။+ လျှာကလည်း အာခေါင်မှာ ကပ်နေပြီ။+ ကျွန်တော့်ကို သေတွင်းထဲ ကိုယ်တော် ပို့လိုက်ပြီ။+ ၁၆  ခွေးတွေက ဝိုင်းအုံပြီး+ လူယုတ်မာတွေလို အုပ်လိုက်ကြီး အနားကပ်လာတယ်။+ ကျွန်တော့်ခြေလက်တွေကို ခြင်္သေ့လို ကိုက်ဖဲ့ကြတယ်။+ ၁၇  ကျွန်တော့်အရိုး ဘယ်နှစ်ချောင်းရှိမှန်းတောင် ရေတွက်လို့ရတယ်။+ ရန်သူတွေ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ၁၈  ကျွန်တော့်ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီးအင်္ကျီကိုလည်း မဲချယူကြတယ်။+ ၁၉  ယေဟောဝါဘုရား၊ ဝေးဝေးမှာ မနေပါနဲ့။+ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ အစွမ်းခွန်အားပါ။ အမြန်လာကူလှည့်ပါ။+ ၂၀  ကျွန်တော့်ကို ဓားဘေးကနေ၊ကျွန်တော့်ရဲ့ အဖိုးတန်တဲ့အသက်ကို ခွေးတွေလက်ကနေ ကယ်တင်ပေးပါ။+ ၂၁  ခြင်္သေ့ခံတွင်းထဲ မရောက်အောင်၊+ နွားရိုင်းဦးချိုနဲ့ အဝှေ့မခံရအောင် ကယ်တင်ပေးပါ။ ပြန်ထူးပြီး ကယ်တင်ပေးပါ။ ၂၂  နာမတော်ကို ညီအစ်ကိုတွေသိအောင် ကြေညာပါ့မယ်။+ လူစုလူဝေးအလယ်မှာ ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။+ ၂၃  ယေဟောဝါကို ကြောက်ရွံ့သူတို့၊ ဘုရားကို ချီးမွမ်းကြ။ ယာကုပ်ရဲ့ သားမြေးအပေါင်းတို့၊ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြ။+ အစ္စရေးရဲ့ သားမြေးအပေါင်းတို့၊ ဘုရားကို ရိုသေကိုင်းရှိုင်းကြ။ ၂၄  ဘုရားဟာ ဖိနှိပ်ခံရသူရဲ့ဒုက္ခကို အရေးမစိုက်ဘဲ မနေဘူး၊ မရွံရှာဘူး။+ သူ့ကို မျက်နှာမလွှဲဘူး။+ သူအော်ဟစ်အကူအညီတောင်းတဲ့အခါ ကြားတယ်။+ ၂၅  လူစုလူဝေးကြီးအလယ်မှာ ကိုယ်တော့်ကို ကျွန်တော် ချီးမွမ်းမယ်။+ ကိုယ်တော့်ကို ကြောက်ရွံ့သူတွေရှေ့မှာ သစ္စာကတိပြုခဲ့တဲ့အတိုင်း လုပ်ဆောင်မယ်။ ၂၆  စိတ်နူးညံ့သူတွေ ဝဝလင်လင် စားသောက်ရလိမ့်မယ်။+ လူတွေက ယေဟောဝါကို ရှာပြီး ချီးမွမ်းလိမ့်မယ်။+ ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်ကြပါစေ။ ၂၇  မြေတစ်ခွင်လုံးဟာ သတိရပြီး ယေဟောဝါဆီ ပြန်လာလိမ့်မယ်။ လူမျိုးနွယ်အားလုံးလည်း ရှေ့တော်မှာ ဦးညွှတ်ကြလိမ့်မယ်။+ ၂၈  ယေဟောဝါဟာ ရှင်ဘုရင်ပဲ။+ လူမျိုးတွေကို အုပ်စိုးနေတယ်။ ၂၉  ကမ္ဘာပေါ်က ကြီးပွားနေသူတွေ စားသောက်ပြီး ဦးညွှတ်ကြလိမ့်မယ်။ မြေမှုန့်ထဲ ဆင်းသက်နေသူအားလုံး ရှေ့တော်မှာ ဒူးထောက်ကြလိမ့်မယ်။ တစ်ယောက်မှ ကိုယ့်ကိုယ်ကိုယ် အသက်ဆက်ရှင်အောင် မလုပ်နိုင်ဘူး။ ၃၀  သူတို့ရဲ့ သားစဉ်မြေးဆက်တွေ ဘုရားအတွက် အမှုဆောင်ကြလိမ့်မယ်။ နောင်လူမျိုးဆက်ဟာ ယေဟောဝါအကြောင်း ကြားသိရလိမ့်မယ်။ ၃၁  ဘုရားရဲ့ ဖြောင့်မတ်မှုအကြောင်း သူတို့ လာပြောပြလိမ့်မယ်။ ဘုရားလုပ်ဆောင်ခဲ့ရာတွေအကြောင်း နောင်လာနောက်သားတွေကို ပြောပြလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

သံစဉ် ဒါမှမဟုတ် တေးသွားပုံစံတစ်မျိုး ဖြစ်နိုင်။