ဆာလံ ၃၇:၁-၄၀
ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
א
၃၇ လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့။
အပြစ်လုပ်သူတွေကို မနာလိုမဖြစ်နဲ့။+
၂ သူတို့ဟာ မြက်ပင်တွေလို ချက်ချင်း ညှိုးနွမ်းပြီး+
မြက်နုတွေလို ခြောက်သွေ့သွားလိမ့်မယ်။
ב
၃ ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။+
ကမ္ဘာပေါ်မှာ နေထိုင်ပြီး သစ္စာရှိရှိ ပြုမူပါ။+
ג
၄ ယေဟောဝါဆီမှာ ပျော်ရွှင် ကြည်နူးမှုကို ရှာပါ။
အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။
၅ မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။+
ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။+
၆ ဘုရားက မင်းတို့ရဲ့ဖြောင့်မတ်မှုကို အရုဏ်ဦးလို၊တရားမျှတမှုကို မွန်းတည့်နေလို ထွန်းလင်းစေမယ်။
ד
၇ ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေပါ။+
ဘုရားကို မျှော်လင့်တကြီး စောင့်စားနေပါ။
မကောင်းကြံပြီး အောင်မြင်နေသူတွေကြောင့်
စိတ်မပျက်ပါနဲ့။+
ה
၈ အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။+
စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။*
၉ လူယုတ်မာတွေ ပယ်ရှင်းခံရပြီး+
ယေဟောဝါကို မျှော်လင့်နေသူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရမှာ ဖြစ်လို့ပဲ။+
ו
၁၀ မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။+
သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင်
ရှိကြတော့မှာ မဟုတ်ဘူး။+
၁၁ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။+
များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။+
ז
၁၂ လူဆိုးက ဖြောင့်မတ်သူကို ဒုက္ခပေးဖို့ ကြံစည်နေတယ်။+
ဒေါသထွက်ပြီး အံကြိတ်နေတယ်။
၁၃ ဒါပေမဲ့ သူကျဆုံးမယ့်နေ့ ရောက်လာမှာကိုယေဟောဝါသိတဲ့အတွက် သူ့ကို ရယ်လိမ့်မယ်။+
ח
၁၄ လူဆိုးတွေက ဖိနှိပ်ခံရသူတွေနဲ့ ဆင်းရဲသားတွေကို လဲကျစေဖို့၊ဖြောင့်မှန်တဲ့ လမ်းစဉ်အတိုင်း လိုက်တဲ့သူတွေကို ကွပ်မျက်ဖို့
ဓားကို ဆွဲထုတ်ပြီး လေးကို တင်ထားကြတယ်။
၁၅ ဒါပေမဲ့ ဓားဟာ သူတို့နှလုံးထဲ ပြန်စိုက်လိမ့်မယ်။+
လေးတွေလည်း ကျိုးကုန်လိမ့်မယ်။
ט
၁၆ ဖြောင့်မတ်သူတစ်ယောက်ရဲ့ ဥစ္စာအနည်းအကျဉ်းဟာ
လူဆိုးတွေရဲ့ ဥစ္စာအမြောက်အမြားထက် မွန်မြတ်တယ်။+
၁၇ လူဆိုးရဲ့လက်ရုံး ကျိုးရလိမ့်မယ်။
ဖြောင့်မတ်သူကိုတော့ ယေဟောဝါ ထောက်မပေးလိမ့်မယ်။
י
၁၈ အပြစ်ပြောစရာမရှိသူတွေ ဘာတွေကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်။
သူတို့ရဲ့အမွေဟာ ထာဝစဉ် တည်လိမ့်မယ်။+
၁၉ ဒုက္ခရောက်ချိန်မှာ သူတို့ အရှက်ကွဲရမှာ မဟုတ်ဘူး။
အငတ်ဘေးဆိုက်ချိန်မှာလည်း အလျှံပယ် စားရလိမ့်မယ်။
כ
၂၀ လူဆိုးတွေကတော့ ပျက်စီးသွားလိမ့်မယ်။+
ယေဟောဝါရဲ့ ရန်သူတွေဟာ စိမ်းလန်းတဲ့ စားကျက်တွေလို ပျောက်ခြင်းမလှ ပျောက်သွားလိမ့်မယ်။
မီးခိုးငွေ့လို လွင့်ပြယ်သွားလိမ့်မယ်။
ל
၂၁ လူဆိုးက ချေးငှားယူပြီး ပြန်မဆပ်တတ်ဘူး။
ဖြောင့်မတ်သူကတော့ ရက်ရောပြီး ပေးကမ်းတတ်တယ်။+
၂၂ ဘုရားရဲ့ ကောင်းချီးခံစားရသူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။
ဘုရားရဲ့ ကျိန်ခြင်းခံရသူတွေကတော့ ပယ်ရှင်းခံရလိမ့်မယ်။+
מ
၂၃ ယေဟောဝါက လူတစ်ယောက်ရဲ့လမ်းစဉ်ကို နှစ်သက်တဲ့အခါ+
သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးတယ်။+
၂၄ ယေဟောဝါက လက်နဲ့ ထောက်မပေးတဲ့အတွက်+
သူလဲသွားရင်တောင် နာလန်မထူနိုင်အောင်ဖြစ်မှာ မဟုတ်ဘူး။+
נ
၂၅ ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊+သူ့သားသမီးတွေ တောင်းစားနေရတာကိုလူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။+
၂၆ သူဟာ ရက်ရက်ရောရော ချေးငှားပေးတတ်တယ်။+
သူ့သားသမီးတွေ ကောင်းချီးခံစားရလိမ့်မယ်။
ס
၂၇ မကောင်းမှုကို ရှောင်ပါ၊ ကောင်းမှုကို လုပ်ဆောင်ပါ။+
ဒါဆိုရင် ထာဝစဉ် တည်မြဲလိမ့်မယ်။
၂၈ ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။
သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး။+
ע
သူတို့ အစဉ်အမြဲ ကာကွယ်ခံရမယ်။+
လူဆိုးတွေရဲ့ သားစဉ်မြေးဆက်တွေကတော့ ပယ်ရှင်းခံရမယ်။+
၂၉ ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး+
ထာဝစဉ် နေထိုင်ရလိမ့်မယ်။+
פ
၃၀ ဖြောင့်မတ်သူရဲ့နှုတ်ဟာ ဉာဏ်ပညာစကားကို ဝေမျှတယ်။
သူ့လျှာက တရားမျှတမှုအကြောင်း ပြောဆိုတယ်။+
၃၁ ဘုရားသခင်ရဲ့ပညတ်ကို သူ နှလုံးသွင်းထားတယ်။+
သူ့ခြေလှမ်းတွေ ယိမ်းယိုင်မှာ မဟုတ်ဘူး။+
פ
၃၂ လူဆိုးက ဖြောင့်မတ်သူကို စောင့်ကြည့်နေတယ်။
သတ်ဖို့ ရှာကြံနေတယ်။
၃၃ ဒါပေမဲ့ ယေဟောဝါက ဖြောင့်မတ်သူကို လူဆိုးလက်ထဲ စွန့်ပစ်မှာမဟုတ်ဘူး။+
တရားစီရင်ချိန်မှာ သူ့ကို အပြစ်ရှိသူလို့ သတ်မှတ်မှာ မဟုတ်ဘူး။+
ק
၃၄ ယေဟောဝါကို မျှော်လင့်ပြီး ဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်ပါ။
ဒါဆိုရင် ဘုရားက ကမ္ဘာမြေကို ပိုင်ဆိုင်ခွင့်ပေးပြီး ချီးမြှောက်လိမ့်မယ်။
လူဆိုးတွေ ပယ်ရှင်းခံရတာကိုလည်း+ မြင်ခွင့်ပေးလိမ့်မယ်။+
ר
၃၅ ရက်စက်ယုတ်မာတဲ့သူ ကြီးပွားနေတာကို ငါတွေ့ဖူးတယ်။
သူဟာ ဇာတိမြေပေါ်မှာပဲ ရှင်သန်စိမ်းလန်းနေတဲ့ အပင်နဲ့တူတယ်။+
၃၆ ဒါပေမဲ့ ရုတ်ခြည်းသေဆုံးပြီး သူပျောက်ကွယ်သွားတယ်။+
ငါလိုက်ရှာပေမဲ့ မတွေ့တော့ဘူး။+
ש
၃၇ အပြစ်ပြောစရာမရှိသူကို သတိပြုကြည့်ပါ။
စိတ်ရိုးဖြောင့်သူကို မျက်ခြည်မပြတ် ကြည့်နေပါ။+
သူလိုလူရဲ့အနာဂတ်ဟာ ငြိမ်းချမ်းနေလိမ့်မယ်။+
၃၈ ပြစ်မှားသူတွေကတော့ ဖျက်ဆီးခံရလိမ့်မယ်။
လူဆိုးတွေရဲ့ အနာဂတ်ဟာ ပျက်စီးရလိမ့်မယ်။+
ת
၃၉ ဖြောင့်မတ်သူတွေရဲ့ ကယ်တင်ခြင်းဟာ ယေဟောဝါဆီက လာတယ်။+
ဒုက္ခရောက်ချိန်မှာ ဘုရားဟာ သူတို့ရဲ့ခံတပ်ပဲ။+
၄၀ ယေဟောဝါက သူတို့ကိုကူညီပြီး ကယ်တင်ပေးလိမ့်မယ်။+
ဘုရားဆီမှာ ခိုလှုံတဲ့အတွက်
သူတို့ကို လူဆိုးတွေလက်ကနေ လွတ်မြောက်စေပြီး ကယ်တင်ပေးလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ “စိတ်ပျက်နေရင် အကျိုးယုတ်တာပဲ အဖတ်တင်မယ်” လည်း ဖြစ်နိုင်။