ဆာလံ ၇၄:၁-၂၃

  • လူမျိုးတော်ကို သတိရဖို့ ဆုတောင်းချက်

    • ဘုရားသခင် ကယ်တင်ပေးခဲ့တဲ့အကြောင်း ပြန်ပြော (၁၂-၁၇)

    • ‘ရန်သူတွေ ကဲ့ရဲ့နေတာကို သတိရပါဦး’ (၁၈)

အာသပ်စပ်ဆိုတဲ့ မက်စကီး။*+ ၇၄  အို ဘုရားသခင်၊ ကျွန်တော်တို့ကို ဘာလို့ ထာဝစဉ် ပစ်ပယ်ထားတာလဲ။+ ကိုယ်တော်ရဲ့ စားကျက်ထဲက သိုးအုပ်ကို ဘာလို့ အမျက်ထွက်နေတာလဲ။+ ၂  ရှေးကတည်းက ကိုယ်တော် ရယူပိုင်ဆိုင်ခဲ့တဲ့ လူတွေကို၊+ အမွေအဖြစ် ရွေးယူခဲ့တဲ့ မျိုးနွယ်ကို သတိရပေးပါ။+ စံမြန်းရာ ဇိအုန်တောင်ကို သတိရပေးပါ။+ ၃  အမြဲပျက်စီးနေတဲ့ အရပ်ဆီ ခြေဦးလှည့်ခဲ့ပါဦး။+ သန့်ရှင်းရာအရပ်မှာ ရှိသမျှကို ရန်သူတွေ ဖျက်ဆီးပစ်လိုက်ပြီ။+ ၄  ကိုယ်တော်ရဲ့ တွေ့ဆုံရာနေရာမှာ ရန်သူတွေ အောင်သံလွှင့်ကြတယ်။+ သူတို့ရဲ့အလံကို အဲဒီမှာ စိုက်ထူကြတယ်။ ၅  ပုဆိန်ကိုင်ပြီး တောအုပ်ကို ခုတ်ထွင်ရှင်းလင်းနေတဲ့ လူတွေလိုပဲ။ ၆  အဲဒီမှာထွင်းထားတဲ့ ပုံတွေကို+ ပုဆိန်တွေ၊ သံတုတ်တွေနဲ့ ဖျက်ဆီးပစ်တယ်။ ၇  သန့်ရှင်းရာဌာနတော်ကို မီးရှို့ပစ်တယ်။+ နာမတော်နဲ့ မှည့်ခေါ်ထားတဲ့ တဲတော်ကို ညစ်ညူးအောင်လုပ်ပြီး မြေပေါ် ဖြိုချပစ်တယ်။ ၈  သူတို့ရော၊ သူတို့သားမြေးတွေရော “ဒီပြည်မှာရှိတဲ့ ဘုရားသခင်ရဲ့ တွေ့ဆုံရာနေရာတွေကို မီးရှို့ပစ်မယ်” ဆိုပြီး တွေးနေကြတယ်။ ၉  ကျွန်တော်တို့ရဲ့ အမှတ်အသားတွေ တစ်ခုမှမရှိတော့ဘူး။ ပရောဖက်တွေ တစ်ယောက်မှ မကျန်တော့ဘူး။ ဘယ်လောက်ကြာကြာ ဒီလိုဖြစ်နေမယ်ဆိုတာကိုလည်း ဘယ်သူမှမသိကြဘူး။ ၁၀  အို ဘုရားသခင်၊ ရန်သူတွေ ဘယ်အချိန်အထိ အခုလို ကဲ့ရဲ့နေမှာလဲ။+ နာမတော်ကို ရန်သူတွေ အမြဲပဲ မလေးမစားလုပ်နေမှာလား။+ ၁၁  ညာလက်တော်ကို ဘာလို့ရုပ်သိမ်းလိုက်တာလဲ။+ ရင်ခွင်ထဲကနေ လက်ကိုဆန့်ထုတ်ပြီး သူတို့ကို ဇာတ်သိမ်းပစ်ပါ။ ၁၂  ဘုရားသခင်ဟာ ရှေးကတည်းက ကျွန်တော့်ဘုရင်မင်းမြတ်ပါ။ ကမ္ဘာမြေပေါ်မှာ ကယ်တင်ပေးတဲ့ အရှင်ပါ။+ ၁၃  ကိုယ်တော်က ပင်လယ်ကို အစွမ်းတန်ခိုးနဲ့ မွှေနှောက်တယ်။+ ရေသတ္တဝါကြီးတွေရဲ့ ခေါင်းကို ရိုက်ခွဲတယ်။ ၁၄  လဝိသန်* ရဲ့ခေါင်းတွေကို နင်းခြေပြီးကန္တာရမှာ နေထိုင်သူတွေ စားဖို့ ပေးလိုက်တယ်။ ၁၅  စမ်းရေ၊ ချောင်းရေတွေ စီးထွက်စေတယ်။+ တသွင်သွင်စီးနေတဲ့ မြစ်တွေကို ခန်းခြောက်စေတယ်။+ ၁၆  နေ့တွေ၊ ညတွေကို သတ်မှတ်တယ်။ အလင်းအိမ်နဲ့ နေမင်းကို ဖန်ဆင်းတယ်။+ ၁၇  ကမ္ဘာမြေရဲ့ နယ်နိမိတ်တွေကို သတ်မှတ်တယ်။+ နွေရာသီနဲ့ ဆောင်းရာသီကို ဖြစ်ပေါ်စေတယ်။+ ၁၈  ယေဟောဝါဘုရား၊ ရန်သူတွေ ကဲ့ရဲ့နေတာ၊နာမတော်ကို လူမိုက်တွေ မလေးမစား လုပ်နေတာကို သတိရပါဦး။+ ၁၉  ကိုယ်တော့်ချိုးငှက်လေးရဲ့အသက်ကို သားရဲတွေလက်ထဲ မအပ်လိုက်ပါနဲ့။ ဒုက္ခရောက်နေတဲ့ ကိုယ်တော့်လူတွေကို ထာဝစဉ် မမေ့လိုက်ပါနဲ့။ ၂၀  ကမ္ဘာမြေရဲ့ မှောင်မိုက်တဲ့အရပ်တိုင်းမှာ အကြမ်းဖက်မှုတွေ ပြည့်နေလို့ ကိုယ်တော်ရဲ့ ပဋိညာဉ်ကို သတိရလှည့်ပါ။ ၂၁  နင်းပြားဘဝ ရောက်နေသူတွေ စိတ်ပျက်လက်ပျက် မထွက်သွားရပါစေနဲ့။+ နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေ နာမတော်ကို ချီးမွမ်းကြပါစေ။+ ၂၂  အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်ရဲ့အမှုကို ကိုင်တွယ်လှည့်ပါ။ ကိုယ်တော့်ကို လူမိုက်တွေ တစ်နေ့လုံး ဘယ်လိုကဲ့ရဲ့နေတယ်ဆိုတာ သတိရလှည့်ပါ။+ ၂၃  ရန်သူတွေ ဘာပြောနေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ အာခံသူတွေရဲ့ အော်ဟစ်သံဟာ ဆက်တိုက်ထွက်ပေါ်နေတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။