ဇာခရိ ၁၁:၁-၁၇

  • စစ်မှန်တဲ့သိုးထိန်းကို ဖယ်ရှားခြင်းရဲ့ အကျိုးဆက် (၁-၁၇)

    • “သတ်ဖို့ရာထားတဲ့ သိုးအုပ်ကို ထိန်းကျောင်းပါ” ()

    • တောင်ဝှေးနှစ်ချောင်း– နှစ်သက်ဖွယ်ကောင်းခြင်း၊ စည်းလုံးခြင်း ()

    • သိုးထိန်းခ ငွေစ ၃၀ (၁၂)

    • ဘဏ္ဍာတိုက်ထဲ ငွေပစ်ချ (၁၃)

၁၁  “အို လက်ဘနွန်၊ တံခါးတွေ ဖွင့်လိုက်ပါ။ မင်းရဲ့ သစ်ကတိုးပင်တွေ မီးလောင်သွားပါစေ။  ၂  အို ဂျူနီပါထင်းရှူးပင်၊ ငိုကြွေးမြည်တမ်းပါ။ သစ်ကတိုးပင် ပြိုလဲသွားပြီ။ သစ်ပင်ကြီးတွေ ဖျက်ဆီးခံလိုက်ရပြီ။ ဗာရှန်ပြည်ရဲ့ ဝက်သစ်ချပင်တို့၊ ငိုကြွေးမြည်တမ်းပါ။ တိုးမပေါက်နိုင်တဲ့ သစ်တောကြီး ပြိုလဲသွားပြီ။  ၃  နားထောင်ကြ။ သိုးထိန်းတွေ ငိုကြွေးမြည်တမ်းနေတယ်။ သူတို့ရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းသွားပြီလေ။ နားထောင်ကြ။ ခြင်္သေ့ပျိုတွေ ဟိန်းဟောက်နေတယ်။ ဂျော်ဒန်မြစ်တစ်လျှောက်က ချုံနွယ်ပိတ်ပေါင်းတွေ ဖျက်ဆီးခံလိုက်ရပြီလေ။ ၄  “ကျွန်တော်ကိုးကွယ်တဲ့ဘုရား ယေဟောဝါ ပြောတာက ‘သတ်ဖို့လျာထားတဲ့ သိုးအုပ်ကို ထိန်းကျောင်းပါ။+ ၅  ဝယ်တဲ့သူတွေက သူတို့ကိုသတ်ပေမဲ့+ အပြစ်ရှိသူတွေလို့ သတ်မှတ်မခံရဘူး။ ရောင်းတဲ့သူတွေကလည်း+ “ယေဟောဝါဘုရားကို ချီးမွမ်းကြ။ ငါချမ်းသာတော့မယ်” လို့ပြောကြတယ်။ သိုးထိန်းတွေကလည်း သိုးတွေကို မသနားကြဘူး။’+ ၆  “‘ဒါကြောင့် ပြည်သူပြည်သားတွေကို ငါ မသနားတော့ဘူး။ အားလုံးကို ကိုယ့်အိမ်နီးချင်းလက်ထဲ၊ ကိုယ့်ဘုရင်လက်ထဲ ရောက်စေမယ်။ ပြည်ကို နင်းခြေကြလိမ့်မယ်။ ဘယ်သူ့ကိုမှ ငါမကယ်ဘူး။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။” ၇  သိုးအုပ်ထဲက ဒုက္ခရောက်နေသူတို့၊ သတ်ဖို့လျာထားတဲ့ သိုးအုပ်ကို ခင်ဗျားတို့အကျိုးအတွက် ကျွန်တော် ထိန်းကျောင်းနေတာ။+ ဒါကြောင့် တောင်ဝှေးနှစ်ချောင်းကို ယူပြီး တစ်ချောင်းကို နှစ်သက်ဖွယ်ကောင်းခြင်း၊ နောက်တစ်ချောင်းကို စည်းလုံးခြင်းလို့ နာမည်ပေးလိုက်တယ်။+ ပြီးတော့ သိုးအုပ်ကို ကျွန်တော် ထိန်းကျောင်းတယ်။ ၈  တစ်လတည်းမှာ သိုးထိန်းသုံးယောက်ကို ကျွန်တော် ဖယ်ရှားလိုက်တယ်။ သူတို့ကို သည်းမခံနိုင်တော့ဘူး။ သူတို့ကလည်း ကျွန်တော့်ကို ရွံမုန်းကြတယ်။ ၉  “ခင်ဗျားတို့ကို ဆက်ပြီးမထိန်းကျောင်းတော့ဘူး။ သေလုမြောပါးဖြစ်နေသူတွေ သေပါစေ။ ပျက်စီးနေသူတွေ ပျက်စီးပါစေ။ ကျန်ကြွင်းသူတွေ အချင်းချင်း ကိုက်စားပါစေ” လို့ ကျွန်တော်ပြောတယ်။ ၁၀  ပြီးတော့ နှစ်သက်ဖွယ်ကောင်းခြင်းဆိုတဲ့ တောင်ဝှေးကိုယူပြီး+ ကျွန်တော် ချိုးလိုက်တယ်။ ဒါဟာ ဒီလူတွေနဲ့ ကတိသစ္စာပြုထားတာကို ဖျက်သိမ်းလိုက်တာပဲ။ ၁၁  ဒါကြောင့် အဲဒီနေ့မှာ ကတိသစ္စာ ပျက်သွားတယ်။ ဒါဟာ ယေဟောဝါရဲ့ မိန့်မှာချက်ဖြစ်မှန်း ကျွန်တော့်ကိုကြည့်နေတဲ့ သိုးအုပ်ထဲက ဒုက္ခရောက်နေသူတွေ သိကြတယ်။ ၁၂  အဲဒီနောက် “ကျွန်တော့်ကို လုပ်ခပေးသင့်တယ် ထင်ရင် ပေးကြ။ မပေးသင့်ဘူး ထင်ရင်လည်း မပေးပါနဲ့” လို့ပြောတဲ့အခါ သူတို့က ကျွန်တော့်ကို လုပ်ခအဖြစ် ငွေစ ၃၀ ပေးတယ်။+ ၁၃  အဲဒီအခါ ယေဟောဝါက “သူတို့ ငါ့ကို တန်ဖိုးဖြတ်ပြီး ပေးလိုက်တဲ့ ဒီလောက်များတဲ့ ငွေတွေကို ဘဏ္ဍာတိုက်ထဲ ပစ်ချလိုက်”+ လို့ပြောတယ်။ ကျွန်တော်လည်း ငွေစ ၃၀ ကိုယူပြီး ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဘဏ္ဍာတိုက်ထဲ ပစ်ချလိုက်တယ်။+ ၁၄  အဲဒီနောက် ကျွန်တော်က စည်းလုံးခြင်းဆိုတဲ့+ ဒုတိယတောင်ဝှေးကို ချိုးလိုက်တယ်။ ဒါဟာ ယုဒနဲ့အစ္စရေးရဲ့ ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်လိုက်တာပဲ။+ ၁၅  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “အသုံးမကျတဲ့ သိုးထိန်းရဲ့+ အသုံးအဆောင်တွေကို ယူလိုက်ပါ။ ၁၆  ဒီပြည်မှာ သိုးထိန်းတစ်ယောက်ကို ငါပေါ်ထွန်းစေမယ်။ သူက ပျက်စီးနေတဲ့သိုးတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။+ သိုးငယ်တွေကို လိုက်ရှာမှာ မဟုတ်ဘူး။ ဒဏ်ရာရတဲ့သိုးတွေကို ကုသပေးမှာ မဟုတ်ဘူး။+ သန်မာနေဆဲ သိုးတွေကိုလည်း အစာကျွေးမှာ မဟုတ်ဘူး။ ဆူဖြိုးတဲ့သိုးတွေရဲ့ အသားကိုစားပြီး+ ခွာကို ဆွဲခွာပစ်လိမ့်မယ်။+ ၁၇  သိုးအုပ်ကိုပစ်ထားတဲ့၊+ အသုံးမကျတဲ့ ငါ့သိုးထိန်းဟာ အဖြစ်ဆိုးကြုံရမယ်။+ သူ့လက်ရုံးနဲ့ ညာဘက်မျက်စိ ဓားထိုးခံရလိမ့်မယ်။ သူ့လက်ရုံး လုံးဝ ပိန်ခြောက်သွားမယ်။ သူ့ညာဘက်မျက်စိလည်း လုံးဝ ကန်းသွားမယ်။”

အောက်ခြေမှတ်ချက်များ