ယောဘ ၂၀:၁-၂၉
၂၀ နေမတ်အမျိုးသား ဇောဖာ+ ပြန်ပြောတာက–
၂ “ကျုပ် စိတ်မငြိမ်မသက်ဖြစ်ပြီးရင်ထဲမှာ ဗလောင်ဆူနေလို့ ပြန်ပြောတော့မယ်။
၃ ကျုပ်ကို စော်ကားတဲ့ ဆုံးမစကားတွေကို ကြားနေရတယ်။
ကျုပ်လည်း သိထားတာတွေရှိလို့ ပြောရတော့မယ်။
၄ ခင်ဗျား သိမှာပါ။
ကမ္ဘာပေါ်မှာ လူရယ်လို့ စဖြစ်လာချိန်ကတည်းက+
၅ လူဆိုးဟာ ကြာကြာ မပျော်နိုင်ပါဘူး။
ဘုရားတရားမဲ့သူက ပျော်ရလည်း ခဏပါပဲ။+
၆ သူ့ရဲ့ကြီးမြတ်မှုက မိုးထိအောင် ရောက်ပြီးခေါင်းက မိုးတိမ်ကို မီနေရင်တောင်၊
၇ မစင်လို ထာဝစဉ် ပျက်စီးသွားလိမ့်မယ်။
မြင်နေကျလူတွေကလည်း ‘သူဘယ်ရောက်သွားပါလိမ့်’ လို့မေးလိမ့်မယ်။
၈ သူက အိပ်မက်လို လွင့်ပြယ်သွားမယ်။ ရှာလို့ မတွေ့တော့ဘူး။
ညအိပ်မက်လို ပျောက်လွင့်သွားမယ်။
၉ တွေ့ခဲ့ဖူးသူတွေက သူ့ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။
နေရင်းအရပ်မှာလည်း သူ့ကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး။+
၁၀ သူ့သားသမီးတွေက ဆင်းရဲသားတွေရဲ့ မျက်နှာသာရဖို့ ကြိုးစားလိမ့်မယ်။
သိမ်းယူထားတဲ့ စည်းစိမ်တွေကို သူကိုယ်တိုင် ပြန်ပေးရလိမ့်မယ်။+
၁၁ သူ့အရိုးအဆစ်တွေ သန်စွမ်းနေပေမဲ့အဲဒီသန်စွမ်းမှုနဲ့အတူ မြေမှုန့်ထဲ လဲလျောင်းရလိမ့်မယ်။
၁၂ မကောင်းမှုကို ခံတွင်းတွေ့ပြီးငုံထားမယ်ဆိုရင်၊
၁၃ မထွေးထုတ်ဘဲ
ဆက်အရသာခံနေမယ်ဆိုရင်၊
၁၄ အစာက ဗိုက်ထဲမှာ အချဉ်ပေါက်ပြီးမြွေဟောက်အဆိပ်လို ဖြစ်သွားလိမ့်မယ်။
၁၅ မျိုချထားတဲ့ စည်းစိမ်တွေကို ပြန်အန်ထုတ်ရလိမ့်မယ်။
ဘုရားက အဲဒါတွေကို သူ့ဗိုက်ထဲကနေ ထုတ်ပစ်လိမ့်မယ်။
၁၆ မြွေဟောက်အဆိပ်ကို သူစုပ်ရလိမ့်မယ်။
မြွေပွေးအစွယ်က သူ့ကို သတ်လိမ့်မယ်။
၁၇ စမ်းချောင်းတွေ၊ ပျားရည်နဲ့ ထောပတ်စီးတဲ့ ချောင်းတွေကိုသူမြင်ရတော့မှာ မဟုတ်ဘူး။
၁၈ ပစ္စည်းဥစ္စာတွေကို မသုံးစွဲလိုက်ရဘဲ ပြန်ပေးရမယ်။
ကုန်သွယ်လို့ရတဲ့ စည်းစိမ်တွေကို စံစားရမှာ မဟုတ်ဘူး။+
၁၉ သူက ဆင်းရဲသားတွေကို နင်းခြေပြီး ပစ်ထားခဲ့တယ်။
ကိုယ်မဆောက်တဲ့ အိမ်ကိုလည်း လုယူခဲ့တယ်။
၂၀ ဒါကြောင့် သူငြိမ်သက်မှုခံစားရမှာ မဟုတ်ဘူး။
စည်းစိမ်ကလည်း သူလွတ်မြောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။
၂၁ သူဝါးမျိုစရာ ဘာမှကျန်မှာ မဟုတ်ဘူး။
သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ တည်မြဲမှာ မဟုတ်ဘူး။
၂၂ သူဟာ ကျိကျိတက် ချမ်းသာနေချိန်မှာ စိုးရိမ်ပူပန်နေရလိမ့်မယ်။
အကြောင်းမလှမှုတွေ စုပြုံရောက်လာလိမ့်မယ်။
၂၃ သူ ဗိုက်ဖြည့်နေချိန်မှာဘုရားသခင်က ဒေါသမီးတွေ လွှတ်လိမ့်မယ်။
ဗိုက်ထဲကို ဒေါသမိုးတွေ လောင်းချမယ်။
၂၄ သံလက်နက်တွေကို ရှောင်ပြေးနေချိန်မှာကြေးနီမြားတွေ သူ့ကို ထုတ်ချင်းခွင်းလိမ့်မယ်။
၂၅ ကျောမှာ စိုက်နေတဲ့မြား၊သည်းခြေမှာ စိုက်နေတဲ့ လက်နက်ကို ဆွဲနုတ်လိမ့်မယ်။
သူ ကြောက်လန့်သွားလိမ့်မယ်။+
၂၆ အမှောင်ထုက သူ့ဘဏ္ဍာတွေကို စောင့်နေမယ်။
ဘယ်သူမှ မီးထိုးယပ်ခတ် မလုပ်တဲ့မီးက သူ့ကို ဝါးမျိုမယ်။
တဲထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ဘေးဆိုး စောင့်နေမယ်။
၂၇ မိုးကောင်းကင်က သူ့အမှားကို ဖော်ထုတ်မယ်။
ကမ္ဘာမြေက သူ့ကို ဆန့်ကျင်မယ်။
၂၈ ရေလွှမ်းမိုးဘေးက သူ့အိမ်ကို တိုက်ချသွားမယ်။
အမျက်တော်ထွက်တဲ့နေ့မှာ ရေတွေ ဒလဟောစီးနေမယ်။
၂၉ ဒါတွေဟာ ဘုရားသခင်ဆီကနေ လူဆိုးရတဲ့ဝေစုပဲ။
သူ့အတွက် ဘုရားသတ်မှတ်ထားတဲ့ အမွေပဲ။”