ဟေရှာယ ၅၃:၁-၁၂
၅၃ ငါတို့ပြောတဲ့ သတင်းကို ဘယ်သူယုံလို့လဲ။+
ယေဟောဝါရဲ့ လက်ရုံးတော်+ ဘယ်သူ့ကို ထင်ရှားပြခဲ့ပြီလဲ။+
၂ သူဟာ ခြောက်သွေ့တဲ့မြေမှာ ပေါက်တဲ့အမြစ်လို၊ အတက်လို+ ရှေ့မှာ* ထွက်ပေါ်လာလိမ့်မယ်။
သူ့အသွင်အပြင်ဟာ မခံ့ညားဘူး၊ မခမ်းနားဘူး။+
ငါတို့အမြင်မှာ သူ့ရုပ်သွင်ဟာ ဆွဲဆောင်မှုမရှိဘူး။
၃ သူ့ကို လူတွေ အထင်သေးကြတယ်၊ ကြဉ်ထားကြတယ်။+
သူဟာ နာကျင်မှုတွေ၊ ဖျားနာမှုတွေနဲ့ အကျွမ်းဝင်တဲ့သူပဲ။
ငါတို့မမြင်အောင် သူ့မျက်နှာကို ဖုံးထားသလို ဖြစ်နေတယ်။*
သူဟာ အထင်သေးခံရတယ်။ သူ့ကို ငါတို့ အရေးမလုပ်ခဲ့ကြဘူး။+
၄ သူက တကယ်ပဲ ငါတို့ရဲ့ ဖျားနာမှုကို သယ်ဆောင်ခဲ့တယ်။+
ငါတို့ရဲ့ နာကျင်မှုတွေကို ထမ်းပေးခဲ့တယ်။+
ငါတို့ကတော့ သူ့ကို ရောဂါဆိုးရှိသူ၊ ဘုရားသခင် ဒဏ်ခတ်တဲ့သူ၊ အတိဒုက္ခရောက်သူလို့ ယူမှတ်ခဲ့တယ်။
၅ ငါတို့ရဲ့ အပြစ်အတွက်+ သူထိုးဖောက်ခံခဲ့ရတယ်။+
ငါတို့ရဲ့ အမှားအတွက် နင်းခြေခံခဲ့ရတယ်။+
ငါတို့သင့်မြတ်ငြိမ်းချမ်းဖို့ သူပြစ်ဒဏ်ခံခဲ့ရတယ်။+
သူ့ဒဏ်ရာတွေကြောင့် ငါတို့ အနာရောဂါ ပျောက်ကင်းသွားတယ်။+
၆ ငါတို့အားလုံး သိုးတွေလို လမ်းလွဲသွားတဲ့အတွက်+ ကိုယ့်လမ်းကိုယ် လျှောက်ကြတယ်။
ယေဟောဝါက ငါတို့အားလုံးရဲ့ အမှားတွေကို သူ့အပေါ်တင်ခဲ့တယ်။+
၇ သူဟာ ဖိနှိပ်ခံရတယ်၊+ ဒုက္ခခံခဲ့ရတယ်။+
ဒါပေမဲ့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။
အသတ်ခံရမယ့် သိုးလို သူ့ကိုခေါ်သွားတယ်။+
အမွေးညှပ်သူရှေ့မှာ တိတ်တိတ်လေးနေတဲ့ သိုးမလို စကားတစ်ခွန်းမှ မဟခဲ့ဘူး။+
၈ သူ့ကို ဖိနှိပ်ကြတယ်။ မျှမျှတတ မစီရင်ဘဲ ဖယ်ရှားပစ်ကြတယ်။
သူ့မျိုးရိုးဇာတိအကြောင်း အသေးစိတ်ကို ဘယ်သူအရေးလုပ်လို့လဲ။
သူ့ကို သက်ရှိလောကထဲကနေ ပယ်ရှင်းကြတယ်။+
ငါ့လူတွေရဲ့ အပြစ်ကြောင့် သူရိုက်နှက်ခံရတယ်။+
၉ သူဟာ အမှားတစ်ခုမှ မကျူးလွန်ခဲ့ဘူး။
လှည့်စားတဲ့စကားတွေ မပြောခဲ့ဘူး။+
ဒါပေမဲ့ သူသေဆုံးတဲ့အခါ လူဆိုးတွေနဲ့အတူ သင်္ဂြိုဟ်ခံရတယ်။+
သူဌေးတွေနဲ့လည်း သင်္ဂြိုဟ်ခံရတယ်။+
၁၀ သူနင်းခြေခံရဖို့ ယေဟောဝါ အလိုရှိတယ်။ သူ့ကို ဒုက္ခခံဖို့ ခွင့်ပြုခဲ့တယ်။
သူ့အသက်ကို ဒုစရိုက်ဖြေရာအလှူအဖြစ် ဘုရားသခင် ပေးမယ်ဆိုရင်+ သူ့မျိုးနွယ်ကို သူမြင်ရလိမ့်မယ်။ သူ့အသက် ရှည်လိမ့်မယ်။+
ယေဟောဝါ အားရနှစ်သက်တဲ့အရာက သူကတစ်ဆင့် အောင်မြင်လာမယ်။+
၁၁ ခံရတဲ့ဝေဒနာကြောင့် ရလာမယ့် အကျိုးကိုမြင်ပြီး ကျေနပ်လိမ့်မယ်။
ငါ့ရဲ့ ဖြောင့်မတ်တဲ့ကျွန်ဟာ ရထားတဲ့ အသိပညာအားဖြင့်+ လူများစွာကို ဖြောင့်မတ်တဲ့အနေအထား ရရှိစေလိမ့်မယ်။+
လူတွေရဲ့အမှားတွေကို ထမ်းလိမ့်မယ်။+
၁၂ သူဟာ အသက်စွန့်ပြီး ပေးဆက်ခဲ့တယ်။+
အပြစ်ကျူးလွန်သူတွေနဲ့အတူ ရေတွက်ခံခဲ့တယ်။+
လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။+
အပြစ်ကျူးလွန်သူတွေအတွက် ကြားဝင် အသနားခံပေးခဲ့တယ်။+
ဒါကြောင့် သူ့ကို လူများစွာနဲ့အတူ ဝေစုတစ်စု ပေးမယ်။
ခွန်အားကြီးသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေကို သူခွဲဝေယူရလိမ့်မယ်။
အောက်ခြေမှတ်ချက်များ
^ ကြည့်နေသူရှေ့ ဒါမှမဟုတ် ဘုရားသခင်ရှေ့မှာ ဖြစ်နိုင်။
^ “သူဟာ မျက်နှာလွှဲခံရသူလို ဖြစ်နေတယ်” လည်းဖြစ်နိုင်။