ဗြိတိန် ဓာတ်ပုံပြခန်း ၉ (၂၀၁၉ စက်တင်ဘာမှ ၂၀၂၀ ဖေဖော်ဝါရီ)
ယေဟောဝါသက်သေတို့ရဲ့ ဗြိတိန် ဌာနခွဲရုံးသစ် ဆောက်လုပ်ရေး ပြီးစီးပုံ၊ ၂၀၁၉ စက်တင်ဘာမှ ၂၀၂၀ ဖေဖော်ဝါရီအတွင်း ဗေသလအိမ်သားတွေ စတင်အသုံးပြုပုံတို့ကို ဒီဓာတ်ပုံပြခန်းမှာ မြင်တွေ့ရပါလိမ့်မယ်။
၂၀၁၉၊ စက်တင်ဘာ ၁၀—ရုံးခန်းအဆောက်အအုံ
ဥယျာဉ်လုပ်သားတွေ မြေကို ထွန်ခြစ်ဆွဲပြီး မြက်မျိုးစေ့ စိုက်ဖို့ ပြင်ဆင်နေစဉ်။ အနောက်ဘက်မှာ အဆောက်အအုံ A နဲ့ B ကို မြင်နိုင်တယ်။
၂၀၁၉၊ စက်တင်ဘာ ၁၉—ရုံးခန်းအဆောက်အအုံ
ရုံးအဆောက်အအုံနောက်မှာ ရေကန် ရှိတယ်။ ဒီရေကန်နဲ့ ချမ်းစဖို့မှာ ရှိတဲ့ တခြားရေကန်တွေက ရေရှည်တည်တံ့တဲ့ ရေဆိုးထုတ်စနစ်မှာ ပါဝင်တယ်။ သဘာဝ ရေစီးရေလာစနစ်ကို ပုံတူပွားထားတာပါ။ ဒီစနစ်က ရေအရည်အသွေး ကောင်းစေတယ်၊ ရေကြီးမှုဒဏ် လျော့နည်းစေတယ်၊ လူနဲ့ တိရိစ္ဆာန်အတွက် သဘာဝပတ်ဝန်းကျင် လှပစိုပြည်စေတယ်။
၂၀၁၉၊ စက်တင်ဘာ ၁၉—ရုံးခန်းအဆောက်အအုံ
လက်သမားအဖွဲ့ ဇနီးမောင်နှံ ရုံးခန်းသစ်အခန်းတွေကို ကန့်နေစဉ်။
၂၀၁၉၊ အောက်တိုဘာ ၁၄—လူနေဆောင် A
ဗိသုကာအဖွဲ့သားတစ်ဦး ဆံပင်အလှပြုပြင်ရေးအခန်း တံခါးမှာ လေဆာညှိစက် သုံးပြီး ဆိုင်းဘုတ်တပ်နေစဉ်။
၂၀၁၉၊ အောက်တိုဘာ ၂၈—ဌာနခွဲမြေနေရာ
လက်သမားတစ်ဦး ရေချိန် သုံးပြီး လမ်းညွှန်ဆိုင်းဘုတ် တပ်နေစဉ်။ ၃၄ ဟတ်တာ (၈၅ ဧက) ကျယ်တဲ့ နေရာမှာ လူသွားလမ်းတစ်လျှောက် ဆိုင်းဘုတ်တွေက အိမ်သားနဲ့ ဧည့်သည်တွေကို လမ်းပြပေးတယ်။
၂၀၁၉၊ နိုဝင်ဘာ ၄—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
မီးဘေး ကယ်ဆယ်ရေးအဖွဲ့သားတစ်ဦး မီးသတ်ပိုက် ရေအားကို စစ်ဆေးနေစဉ်။
၂၀၁၉၊ နိုဝင်ဘာ ၁၄—ရုံးခန်းအဆောက်အအုံ
ဆောက်လုပ်ရေး စီမံကိန်း ကော်မတီဝင်တစ်ဦး နံနက်ဝတ်ပြုမှုကို ဌာနခွဲစနစ်သစ်နဲ့ အစမ်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်။ ဒီအစီအစဉ်ကို လန်ဒန်ဗေသလမိသားစုတွေ အင်တာနက်ကတစ်ဆင့် တိုက်ရိုက် ကြည့်ရှုနိုင်တယ်။
၂၀၁၉၊ နိုဝင်ဘာ ၁၉—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
ကန့်သတ်နယ်မြေဆီ အဝင်လမ်းမှာ မီးပွိုင့် တပ်ဆင်နေစဉ်။
၂၀၁၉၊ နိုဝင်ဘာ ၁၉—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ပြန်အသုံးပြုဖို့ ဝိုင်ယာကြိုးတွေ ခွာနေကြစဉ်။
၂၀၁၉၊ နိုဝင်ဘာ ၂၅—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ဧည့်သည်စင်တာမှ ဧည့်လမ်းညွှန်တစ်ဦး ဌာနခွဲတည်နေရာ အခင်းအကျင်းကို ရှင်းပြနေစဉ်။ ဆောက်လုပ်ရေးကာလအတွင်း ဧည့်သည် ၉၅,၀၀၀ ကျော် လာရောက် ကြည့်ရှုကြတယ်။
၂၀၁၉၊ ဒီဇင်ဘာ ၅—ရုံးခန်းအဆောက်အအုံ
ဗေသလဌာနတွေက အဆောက်အအုံကို တာဝန်ယူထိန်းသိမ်းခြင်း မတိုင်ခင် ဆောက်လုပ်ရေးအဖွဲ့ကို နောက်ဆုံး လစဉ်အစည်းအဝေးမှာ ဗြိတိန်ဌာနခွဲ ကော်မတီဝင်တစ်ဦး ဟောပြောချက် ပေးနေစဉ်။ ဒီစီမံကိန်းမှာ လုပ်သား ၁၁,၀၀၀ ကျော်ဟာ စေတနာစိတ်နဲ့ အချိန်၊ ခွန်အား စိုက်ထုတ်ခဲ့ကြတယ်။
၂၀၁၉၊ ဒီဇင်ဘာ ၁၀—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
ဒေသန္တရ ဗီဒီယိုအဖွဲ့နဲ့ ဒေသတွင်း ရုပ်သံလွှင့်ဌာနကို စတူဒီယိုသစ် အသုံးပြုနည်း လေ့ကျင့်ပေးနေစဉ်။ အချောကိုင်ထားတဲ့ ကြမ်းခင်း မပွန်းမခြစ်စေဖို့ ပလတ်စတစ် ရှုးဖိနပ်အကာတွေ ဝတ်ထားကြ။
၂၀၁၉၊ ဒီဇင်ဘာ ၃၀—ရုံးခန်းအဆောက်အအုံ
ရုံးခန်းအဆောက်အအုံဆီ သွားတဲ့ ကားအဝင်လမ်းမှာ ခင်းထားတဲ့ ကျောက်ပြားတွေကြားထဲ သဲတွေ ထည့်နေကြစဉ်။
၂၀၂၀၊ ဇန်နဝါရီ ၁၆—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
ဂိုဒေါင်သစ်မှာ စစ်ပြင်တစ်ဦး မီနီဘတ်စ်ကို ပြုပြင်နေစဉ်။ ဌာနခွဲအဆောင်တွေ တစ်စုတစ်စည်းတည်း ရှိသွားပြီဖြစ်လို့ နေ့စဉ် ရုံးတက်ရုံးဆင်း ကြိုပို့ပေးတဲ့ မီနီဘတ်စ်တွေ မလိုတော့ဘူး။ ပိုနေတဲ့ ယာဉ်တွေကို ရောင်းထုတ်နိုင်ပြီ။ နောက်မှာ မြေပြင် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ စွယ်စုံသုံးကားကို တွေ့မြင်ရ။
၂၀၂၀၊ ဇန်နဝါရီ ၂၉—လူနေဆောင် D
ဗေသလအိမ်သားတွေရဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းပေးနေစဉ်။ ၂၇ ဦးပါတဲ့အဖွဲ့က ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း ဗေသလအိမ်သားတွေ ရွှေ့ပြောင်းနိုင်အောင် ကူညီပေးတယ်။ မတ်လဆန်းမှာ ဗေသလမိသားစုအားလုံး ဌာနခွဲအသစ်မှာ နေထိုင်၊ အလုပ်လုပ်နေကြပါပြီ။
၂၀၂၀၊ ဖေဖော်ဝါရီ ၆—ရုံးခန်းအဆောက်အအုံ
စားဖိုဆောင်အဖွဲ့သားတွေ ဗေသလမိသားစုအတွက် ဟင်းရွက်သုပ် ပြင်ဆင်ပေးနေစဉ်။
၂၀၂၀၊ ဖေဖော်ဝါရီ ၇—ပံ့ပိုးရေးလုပ်ငန်းခွင် လူနေဆောင်
ယာယီ လူနေဆောင်ယူနစ်ကို ရောင်းပြီးနောက် ဖယ်ရှားပစ်တော့မယ်။ ဆောက်လုပ်ရေးကာလအတွင်း ဆောက်လုပ်ရေးလုပ်သားတွေ နေထိုင်တဲ့ ဒီယူနစ်တွေဟာ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး အစီအစဉ်မှာ ပါဝင်တယ်။ ဒီအစီအစဉ်က ရေရှည် တည်တံ့ခိုင်မြဲမှု အကဲဖြတ်နည်းစနစ် BREEAM (အဆောက်အအုံ သုသေသနအဖွဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေး အကဲဖြတ်စနစ်) ရဲ့ အသိအမှတ်ပြုမှု ရထားတယ်။ နောက်ဘက် ခပ်လှမ်းလှမ်းမှာ လူနေဆောင် အဆောက်အအုံသစ်ကို မြင်နေရတယ်။
၂၀၂၀၊ ဖေဖော်ဝါရီ ၁၄—ရုံးခန်းအဆောက်အအုံ
ဘာသာပြန်ဌာနအဖွဲ့ဝင်တွေက အသံသွင်းဖို့ အသံလုံခန်း တပ်ဆင်နေစဉ်။ ဘာသာပြန်ရုံးခန်းတွေမှာ ဒီလိုတပ်ဆင်ပေးထားတယ်။ ဗြိတိန်ဌာနခွဲလက်အောက်မှာ ရှိတဲ့ အိုင်းရစ်နဲ့ စကော့တစ် ဂေးလစ်တို့လို တိုင်းရင်းသားစကား ဘာသာပြန်အဖွဲ့တွေလည်း ရနိုင်ပါပြီ။
၂၀၂၀၊ ဖေဖော်ဝါရီ ၂၄—ရုံးခန်းအဆောက်အအုံ
ဒေသဆိုင်ရာ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေးဌာနက အင်္ဂလန် အရှေ့တောင်ပိုင်း လယ်ကွင်းကိုယ်စားလှယ်တစ်ဦးကို ဗီဒီယိုချိတ်ဆက်ပြီး စကားပြောနေစဉ်။ လယ်ကွင်းကိုယ်စားလှယ်က နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအကြောင်း ဆွေးနွေးဖို့ ဌာနခွဲနဲ့ ပုံမှန် ဆက်သွယ်တယ်။ နောက်ခံမှာ ဌာနအဖွဲ့ဝင်တချို့က နိုင်ငံတော်ခန်းမအသစ်၊ ပြုပြင်မွမ်းမံထားတဲ့ ခန်းမတွေအတွက် အပူနဲ့ လေဝင်လေထွက်စနစ်အကြောင်း ဆွေးနွေးနေကြတယ်။
၂၀၂၀၊ ဖေဖော်ဝါရီ ၂၅—ရုံးခန်းအဆောက်အအုံ
ပြင်ပကနေ အလုပ်ဆင်းသူလူသစ်တွေ ကြိုဆိုရေးအစည်းအဝေး တက်ဖို့၊ တာဝန်ကျ ဌာနနဲ့ မိတ်ဆက်ဖို့ ဧည့်ကြိုဌာနကို ရောက်နေကြစဉ်။ ဗြိတိန်ဌာနခွဲက ချမ်းစဖို့ကနေ လုပ်ငန်းကြီးကြပ်ချိန်မှာ အချိန်ပြည့် ဗေသလအိမ်သားတွေကို ကူညီပေးနေတဲ့ ပြင်ပကနေ အလုပ်ဆင်းသူ ၅၀၀ နီးပါး ရှိတယ်။ နောက်ခံမှာ စက်သမားတွေက ဧည့်သည်တွေကို ပြသရာမှာ သုံးတဲ့ တီဗီဖန်သားပြင်နဲ့ ရုပ်သံကို စမ်းနေကြတယ်။