၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက်
အမေရိကန်
ဟာရီကိန်း ဟယ်လင်ကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းမှာ အပျက်အစီးများပြား
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်မှာ အဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဟယ်လင်ဟာ အမေရိကန်၊ ဖလော်ရီဒါပြည်နယ် ပင်လယ်ကွေ့ ကမ်းရိုးတန်းကနေ ဝင်ရောက်တိုက်ခတ်တယ်။ အားပြင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ ရှိတယ်။ စက်တင်ဘာ ၂၇ ရက်မှာ မုန်တိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီး တစ်နာရီ ၅၉ မိုင်နှုန်းနဲ့ ဂျော်ဂျီယာပြည်နယ်ထဲ ဝင်လာတယ်။ နောက်နေ့မှာ မြောက်ဘက် တောင်ကယ်ရိုလိုင်းနားပြည်နယ်ထဲ ဝင်ရောက်လာပြီး လေဆင်နှာမောင်း သုံးခုထက်မနည်း ဖြစ်ပေါ်ခဲ့တယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ထဲ မုန်တိုင်းဝင်ချိန်မှာတော့ မြို့အတော်များများမှာ မိုးရေချိန် ၃၅ လက်မ ထက်မက ရွာသွန်းတယ်။
မုန်တိုင်းဟယ်လင်ရဲ့ လေတိုက်နှုန်းနဲ့ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လမ်းတွေ ပျက်စီးကုန်တယ်။ လူတစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေတယ်။ အယောက် ၁၈၀ ထက်မနည်း သေဆုံးသွားတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ဝမ်းနည်းစရာက ညီအစ်ကို ၃ ဦး သေဆုံး
ကြေညာသူ ၇ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရ
ကြေညာသူ ၁,၆၀၆ ယောက် ဘေးလွတ်ရာကို ရွှေ့ပြောင်း
အိမ် ၂၉ လုံး လုံးဝ ပျက်စီး
အိမ် ၂၃၆ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၇၇၉ လုံး အနည်းငယ် ပျက်စီး
အစည်းအဝေး ခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး
အစည်းအဝေးခန်းမ ၁၉ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ရေဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ
သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၂ ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ
မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားသူတွေအတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ လူသားအားလုံး “ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကြောင့် နှစ်သိမ့်မှု၊ စိတ်ငြိမ်သက်မှု ခံစားရပါတယ်။—ပညာအလိမ္မာ ၁:၃၃။