မာတိကာဆီ ကျော်သွား

ကျွန်တော့်ဘဝကို စိတ်ပျက်မိတယ်—ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် သမ္မာကျမ်းစာက ကူညီပေးနိုင်မလား

ကျွန်တော့်ဘဝကို စိတ်ပျက်မိတယ်—ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် သမ္မာကျမ်းစာက ကူညီပေးနိုင်မလား

သမ္မာကျမ်းစာဖြေဆိုရာ

 ကူညီပေးနိုင်ပါတယ်။ ရှေးဟောင်းကျမ်းဂန်ဖြစ်တဲ့ သမ္မာကျမ်းစာမှာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေအတွက် အဖြေရှိပါတယ်။ အဲဒါက စိတ်သက်သာရာရစေပြီး သင့်ကို ပျော်ရွှင်စေတယ်။ သမ္မာကျမ်းစာ အဖြေပေးနိုင်တဲ့ မေးခွန်းတချို့ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ဖန်ဆင်းရှင်ရှိသလား။ သမ္မာကျမ်းစာမှာ “အရာခပ်သိမ်းကို ဖန်ဆင်း” တာက ဘုရားသခင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၄:၁၁) ဖန်ဆင်းရှင်အနေနဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ဘဝမှာ ပျော်ရွှင်ဖို့နဲ့ အဓိပ္ပာယ်ရှိဖို့ ဘာလိုအပ်တယ်ဆိုတာ ကိုယ်တော်သိပါတယ်။

  2.  ၂။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဂရုစိုက်သလား။ သမ္မာကျမ်းစာမှာ ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့ အလှမ်းဝေးလွန်းတယ်လို့ ဖော်ပြမယ့်အစား “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ ဖော်ပြထားပါတယ်။ (တမန်တော် ၁၇:၂၇) ကိုယ်တော်ဟာ သင့်ဘဝမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို စိတ်ဝင်စားပြီး သင်အောင်မြင်နိုင်ဖို့ ကူညီပေးလိုပါတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ၁ ပေတရု ၅:၇

  3.  ၃။ ဘုရားသခင်ကို သိခြင်းက ကျွန်ုပ်တို့ စိတ်သက်သာရာရအောင် ဘယ်လိုကူညီပေးနိုင်မလဲ။ ဘဝရဲ့အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ သိချင်ကြတာက “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်” တဲ့စိတ်နဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းထားလို့ဖြစ်တယ်။ (မဿဲ ၅:၃) ဘုရားသခင်ကို မှီခိုတယ် ဆိုတဲ့အထဲမှာ ဖန်ဆင်းရှင်နဲ့သိကျွမ်းလိုစိတ်၊ ကိုယ်တော်နဲ့ ရင်းနှီးခြင်းတို့ ပါဝင်တယ်။ သမ္မာကျမ်းစာမှာ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ပြောထားတဲ့အတွက် ကျွန်ုပ်တို့ ဘုရားသခင်ကို သိကျွမ်းဖို့ကြိုးစားမယ်ဆိုရင် ကိုယ်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါလိမ့်မယ်။—ယာကုပ် ၄:၈

 ဘုရားသခင်နဲ့ ရင်းနှီးမှုရယူခြင်းက အဘက်ဘက်မှာ ကောင်းမွန်စေပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားနိုင်တယ်ဆိုတာကို သန်းနဲ့ချီတဲ့သူတွေ တွေ့ရှိခဲ့ကြပါပြီ။ ဘုရားသခင်ကို သိကျွမ်းခြင်းက သင့်ဘဝမှာ အခက်အခဲလုံးဝမရှိတော့ဘူးလို့ ဆိုလိုနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက သင့်ကို

 သမ္မာကျမ်းစာကို အသုံးပြုတဲ့ ဘာသာတော်တော်များများဟာ တကယ်တော့ ကျမ်းစာသွန်သင်ချက်အတိုင်း မလိုက်လျှောက်ကြဘူး။ ဒါပေမဲ့ ကျမ်းစာအမှန်တရားကို ကြိုးစားလိုက်လျှောက်တဲ့ စစ်မှန်တဲ့ဘာသာက သင် ဘုရားသခင်ကို သိလာအောင် ကူညီပေးနိုင်ပါတယ်။