သမ္မာကျမ်းစာက လူ့ဉာဏ်ပညာနဲ့ ရေးထားတဲ့ စာအုပ်လား
သမ္မာကျမ်းစာဖြေဆိုရာ
သမ္မာကျမ်းစာမှာ ဉာဏ်ပညာရှိစကားတွေ အများကြီး ပါတယ်။ “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” တယ်ဆိုပြီး ကျမ်းစာကိုယ်နှိုက်က ဖော်ပြတယ်။ (၂ တိမောသေ ၃:၁၆) ဒီအဆိုကို ထောက်ခံတဲ့ သက်သေ အများကြီး ရှိပါတယ်။ အောက်ပါတို့ကို စဉ်းစားကြည့်ပါ–
သမ္မာကျမ်းစာက သမိုင်းဆိုင်ရာ တိကျမှန်ကန်မှု ရှိတယ်၊ ဒီအချက် မှားကြောင်း ဘယ်သူကမှ ခိုင်ခိုင်မာမာ သက်သေမပြနိုင်ဘူး။
သမ္မာကျမ်းစာကို ရေးသားသူတွေက ပွင့်ပွင့်လင်းလင်း ရေးသားကြတဲ့ ရိုးသားသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ရိုးသားပွင့်လင်းမှုက အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်စေတယ်။
သမ္မာကျမ်းစာရဲ့ အဓိက အကြောင်းအရာက– ဘုရားသခင့် ကောင်းကင်နိုင်ငံတော်အားဖြင့် လူသားတွေအပေါ် ကိုယ်တော့် အုပ်ချုပ်ပိုင်ခွင့်ကို သံသယ ကင်းရှင်းစေပြီး ကိုယ်တော့်အလိုတော် ပြည့်စုံလာစေဖို့ ဖြစ်တယ်။
သမ္မာကျမ်းစာကို ရေးသားခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အဲဒီအချိန်တုန်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ သိပ္ပံဆိုင်ရာ အချက်အလက်အမှားတွေ သမ္မာကျမ်းစာမှာ မတွေ့ရဘူး။
မှတ်တမ်းတင်ထားတဲ့ သမိုင်းအထောက်အထားတွေက သမ္မာကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေ ဒါမှမဟုတ် ကြိုဟောချက်တွေ ပြည့်စုံခဲ့ကြောင်း သက်သေထူတယ်။