JW ရုပ်သံထုတ်လွှင့်မှု
Amazon Fire တီဗီမှာ JW ရုပ်သံထုတ်လွှင့်မှု App ကို install လုပ်ပါ
Amazon Fire တီဗီမှာ JW ရုပ်သံထုတ်လွှင့်မှုကို မကြည့်ရှုခင် Fire တီဗီကို set up လုပ်ဖို့လိုပြီး JW ရုပ်သံထုတ်လွှင့်မှု app ကို install လုပ်ပါ။ အောက်ပါအဆင့်တွေအတိုင်း စလုပ်ပါ-
Amazon Fire တီဗီကို set up လုပ်ပါ
Set up လုပ်နိုင်ဖို့နဲ့ အင်တာနက်ချိတ်ဆက်ဖို့ Amazon Fire တီဗီမှာ ညွှန်ကြားချက်တွေ ရှိပါမယ်။ Amazon Fire တီဗီကို အင်တာနက်ချိတ်ဆက်နိုင်ပြီဆိုရင် on-screen ညွှန်ကြားချက်တွေအတိုင်း set up လုပ်ပါ။ သင့်ရဲ့ Amazon account user name နဲ့ password ကိုအသုံးပြုပြီး Amazon Fire တီဗီကို register ချက်ချင်းတင်နိုင်ပါတယ်။
သတိပြုရန်- set up ညွှန်ကြားချက်အတွက် ကွန်ပျူတာ ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေကနေတဆင့် အင်တာနက်ချိတ်ဆက်ဖို့ လိုပါလိမ့်မယ်။
ထပ်ဆင့်အကူအညီတွေအတွက် set up လုပ်ပုံကို ပြထားတဲ့ Amazon Fire တီဗီ ဗီဒီယိုကို ကြည့်ပါ။
Amazon Fire တီဗီမှာ JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်ပါ
Amazon Fire တီဗီရဲ့ ပင်မစာမျက်နှာကို သွားပါ၊ JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်နိုင်ဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်ပါ-
Search ကို highlight မလုပ်မချင်း Amazon Fire TV remote ရဲ့ Up ဒါမှမဟုတ် Down ကိုနှိပ်ပါ။
Select ကိုနှိပ်ပါ။
Fire တီဗီရဲ့ Search မှာ ရုပ်ရှင်တွေ၊ တီဗီရှိုးတွေ၊ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ app တွေ၊ ဂိမ်းတွေနဲ့ လိုင်းတွေကို ရိုက်ထည့်ပြီး ရှာနိုင်တယ်။ Apps & Games ဆိုတဲ့အောက်မှာ JW ရုပ်သံထုတ်လွှင့်မှုကို ရှာပါ။ jw broadcasting ဆိုတဲ့ စကားလုံးကို ရိုက်ထည့်ပါ။
JW ရုပ်သံထုတ်လွှင့်မှုဆိုတာ ပေါ်လာပြီဆိုရင် လိုင်းနာမည်မတွေ့မချင်း Down arrow ကိုနှိပ်ပါ။ တွေ့ရင် Select ကိုနှိပ်ပါ။ သင်လိုချင်တဲ့ app ကို မရောက်မချင်း Right arrow ကိုနှိပ်ပါ၊ ပြီးနောက် Select ကို နှိပ်ပါ။ Amazon Fire တီဗီထဲ app ကိုကူးယူနိုင်ဖို့ Get ခလုတ်ကို ရွေးချယ်ပါ။ app ကိုကူးပြီးတာနဲ့ Get ခလုတ်ကနေ Open အဖြစ် ပြောင်းသွားပါလိမ့်မယ်။
JW ရုပ်သံထုတ်လွှင့်မှုကို ကြည့်ရှုချင်တယ်ဆိုရင် Open ကို ရွေးပါ ဒါမှမဟုတ် Amazon Fire တီဗီရဲ့ ပင်မစာမျက်နှာကို ပြန်သွားပြီး Apps အောက်မှာ JW ရုပ်သံထုတ်လွှင့်မှုကိုရှာပါ။ Your Apps Library အပိုင်းမှာ ကြည့်ပါ။