မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—iOS

သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—iOS

သင် ဖတ်ရှုလေ့လာတဲ့ ဆောင်းပါးတွေ၊ ကျမ်းစာအခန်းကြီးတွေကို သုံးခဲ့ရာများ (History) အနေနဲ့ JW Library မှာ သိမ်းဆည်းထားပါတယ်။ ဒါက တကယ်အသုံးဝင်ပါတယ်။ ဥပမာ၊ မကြာသေးခင်က သင်ဖတ်ရှုလေ့လာခဲ့တဲ့ ကျမ်းချက်တွေကို ပြန်ကြည့်ဖို့ လွယ်ကူစေတယ်။

သုံးခဲ့ရာများ (History) ကို အသုံးပြုဖို့ အောက်ပါ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ပါ–

 သုံးခဲ့ရာများ (History) ကိုသွားပါ

မကြာသေးခင်က သင် ဖတ်ရှုလေ့လာခဲ့တဲ့ ကျမ်းချက်စာရင်းတွေကို ကြည့်နိုင်ဖို့ ကျမ်းစာ ခလုတ်ကို နှိပ်ပြီး ဆက်ဖိထားပါ။ သုံးခဲ့ရာများ (History) မှာတွေ့ရတဲ့ စာရင်းကိုကြည့်ပြီး ပြန်ဖတ်ရှုလေ့လာချင်တဲ့ ကျမ်းချက်ကို နှိပ်ပါ။

မကြာသေးခင်က သင်ဖတ်ရှုလေ့လာခဲ့တဲ့ ဆောင်းပါးစာရင်းကို ကြည့်ချင်တယ်ဆိုရင် စာပေများ ခလုတ်ကိုနှိပ်ပြီး ဆက်ဖိထားပါ။ သုံးခဲ့ရာများ (History) မှာတွေ့ရတဲ့ စာရင်းကိုကြည့်ပြီး ပြန်ဖတ်ရှုလေ့လာချင်တဲ့ ဆောင်းပါးကို နှိပ်ပါ။

 သုံးခဲ့ရာများ (History) ကို ရှင်းလင်းပါ

သုံးခဲ့ရာများ (History) စာရင်းဖွင့်ဖို့ ကျမ်းစာ ဒါမှမဟုတ် စာပေများ ခလုတ်ကိုနှိပ်ပြီး ဆက်ဖိထားပါ။ စာရင်းတွေကို ရှင်းပစ်ချင်တယ်ဆိုရင် ရှင်းလင်းပါ ခလုတ်ကို နှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.2 ကို ၂၀၁၄၊ မေလမှာ တင်ထားပြီးဖြစ်ပါတယ်။ iOS 6.0 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—iOS” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။